အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 55:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​သည် ထို​မြို့​ကို ၎င်း​၏​မြို့ရိုး​ပေါ်မှ နေ့​ည​မပြတ်​လှည့်ပတ်​ကြ​ပါ​၏​။ အပြစ်ဒုစရိုက်​နှင့်​အခက်အခဲ​ပြဿနာ​သည်​လည်း ထို​မြို့​ထဲ​၌​ရှိ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​တို့​သည်​မြို့​ကို​နေ့​ည​မ​ပြတ်​ဝိုင်း​ရံ​ထား ကြ​ပါ​၏။ မြို့​ထဲ​တွင်​ရာ​ဇ​ဝတ်​မှု၊နှောင့်​ယှက်​မှု​များ​နှင့် ပြည့်​နှက်​လျက်​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

နေ့ ညဉ့် မ ပြတ် မြို့ ရိုး ပေါ် မှာ လှည့် လည် ကြ ရာ၊ မြို့ တွင်း မှာ၊ အ ဓ မ္မ မှု နှင့် အ ကျိုး ဖျက် မှု ရှိ ပါ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

မြို့​ရိုး​ပေါ်​မှာ နေ့​ည​မ​ပြတ် သူ​တို့​သည်​လည်​ကြ​ပါ၏။ မြို့​ထဲ​မှာ ဆိုး​ညစ်​သော​အ​မှု​နှင့် နှောင့်​ယှက်​ခြင်း​အ​မှု​ရှိ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 55:10
16 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ယောက်​က ဒါဝိဒ်​မင်းကြီး​အား “​အဗရှလုံ​နှင့်အတူ ပူးပေါင်းကြံစည်​သူ​တို့​ထဲတွင် အဟိသောဖေလ​လည်း ပါ​သည်​”​ဟု ကြားပြော​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​အို ထာဝရဘုရား​၊ အဟိသောဖေလ​၏​အကြံ​ကို မိုက်မဲ​သော​အကြံ​ဖြစ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


ဆိုးယုတ်​သော​သူ​တို့​သည် အမိ​ဝမ်း​ထဲကပင် ဖောက်ပြန်​သော​သဘော​ရှိ​ကြ​၏​။ သူ​တို့​သည် မွေးစ​ကပင် လမ်းလွဲ​၍ လိမ်လည်​ပြောဆို​တတ်​ကြ​၏​။


သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​၍ ခွေး​ကဲ့သို့ မာန်ဖီဟိန်းဟောက်​လျက် မြို့​ကို​လှည့်ပတ်​ကြ​ပါ​၏​။


ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။


မုန့်ဖုတ်​သော​သူ​သည် တစ်ညလုံး​အိပ်​သော်လည်း နံနက်အချိန်​၌ မီးဖို​သည်​မီး​တောက်လောင်​ဆဲ​ရှိ​သကဲ့သို့ မကောင်းမှု​ပြု​ရန် လျှို့ဝှက်ကြံစည်​နေ​သော​သူ​တို့​၏​စိတ်နှလုံး​သည် ထို​မီးဖို​ကဲ့သို့ တောက်လောင်​နေ​၏​။


အကျွန်ုပ်​ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်​နှင့် ကြုံတွေ့​စေ​သနည်း​။ အဘယ်ကြောင့် အခက်အခဲ​ပြဿနာ​များ​နှင့် တွေ့​စေ​သနည်း​။ ဖျက်ဆီး​ခြင်း​၊ အကြမ်းဖက်​ခြင်း​သည် အကျွန်ုပ်​ရှေ့​တွင် ရှိ​နေ​ပါ​၏​။ ခိုက်ရန်ဖြစ်ပွားမှု​၊ အငြင်းပွားမှု​များ​လည်း ဖြစ်ပွား​နေ​ပါ​၏​။


ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။


သို့ဖြစ်၍ ယုဒ​သည် တပ်ဖွဲ့​တစ်​ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ဖာရိရှဲ​များ​က စေလွှတ်​လိုက်​သော​အစောင့်​တပ်သား​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ထို​အရပ်​သို့​ရောက်လာ​၏။ ထို​သူ​တို့​သည် မီးအိမ်၊ မီးရှူး​နှင့် လက်နက်​များ​ကို​ကိုင်ဆောင်​ထား​ကြ​၏။


သူ​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကို ရှောလု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံခါး​များ​ကို စောင့်ကြပ်​ထား​ကြ​၏။


ရှောလု​မင်းကြီး​သည် နံနက်​ရောက်​လျှင် ဒါဝိဒ်​ကို​သတ်​ရန် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​၏​အိမ်​ကို စောင့်ကြည့်​စေ​၏​။ ထိုအခါ ဒါဝိဒ်​၏​မယား​မိခါလ​က “​ယခု​ည​တွင် သင်​အသက်လွတ်​အောင်​မ​ပြေး​လျှင် မနက်ဖြန်​တွင် သင်​အသတ်​ခံရ​လိမ့်မည်​”​ဟု ပြော​၏​။