Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 19:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ရှောလု​မင်းကြီး​သည် နံနက်​ရောက်​လျှင် ဒါဝိဒ်​ကို​သတ်​ရန် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​၏​အိမ်​ကို စောင့်ကြည့်​စေ​၏​။ ထိုအခါ ဒါဝိဒ်​၏​မယား​မိခါလ​က “​ယခု​ည​တွင် သင်​အသက်လွတ်​အောင်​မ​ပြေး​လျှင် မနက်ဖြန်​တွင် သင်​အသတ်​ခံရ​လိမ့်မည်​”​ဟု ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 လှံ တော် ကား နန်း နံ ရံ ကို စူး ဝင် လေ သ တည်း။ ရှော လု မင်း သည် ဒါ ဝိဒ် ကို ချောင်း မြောင်း၍ နံ နက် အ ချိန် သတ် ရန် နေ အိမ် သို့ လူ လွှတ် ထား ကြောင်း ဒါ ဝိဒ် အား မ ယား မိ ခါ လ ဖော် ပြ လျက် အ ရှင် သည် ယ နေ့ ညဉ့် အ သက် လွတ် အောင် မ ကြံ လျှင် နံ နက် အ ချိန် သေ ရ တော့ မည် ဟု ဆို ပြီး မှ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ရှော​လု​သည် သူ့​ကို​စောင့်၍ နံ​နက်​ချိန်၌ သတ်​စေ​ခြင်း​ငှာ သူ့​အိမ်​သို့​လူ​ကို​စေ​လွှတ်၏။ ဒါ​ဝိဒ်​မ​ယား မိ​ခါ​လ​က၊ သင်​သည် ယ​နေ့​ည​မှာ ကိုယ်​အ​သက်​ကို မ​ကယ်​မ​လျှင်၊ နက်​ဖြန်​နေ့၌ အ​သေ​ခံ​ရ​လိမ့်​မည်​ဟု​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 19:11
5 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​က​လည်း “ကောင်း​ပြီ​။ သင်​နှင့် မဟာမိတ်​ဖွဲ့​မည်​။ သို့ရာတွင် သင့်​ကို တစ်ခု​တောင်းဆို​မည်​။ ငါ့​ထံသို့ သင်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး မိခါလ​ကို မ​ခေါ်လာ​လျှင် ငါ့​မျက်နှာ​ကို သင်​မြင်​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​၏​။


“​ဤ​မြို့​သို့ ရှံဆုန်​ရောက်လာ​ပြီ​”​ဟူသော​သတင်း​ကို ဂါဇ​မြို့သား​တို့ ကြားသိ​သောအခါ ထို​နေရာ​ကို​ဝိုင်းထား​၍ မြို့​တံခါး​၌ တစ်ညလုံး​ချောင်းမြောင်း​နေ​ကြ​၏​။ သူ​တို့​က “​နံနက်​မိုးလင်း​လျှင် သူ့​ကို ငါ​တို့​သတ်​မည်​”​ဟု ဆို​လျက် တစ်ညလုံး တိတ်ဆိတ်​စွာ​နေ​ကြ​၏​။


ရှောလု​မင်းကြီး​သည် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​ကို ဖမ်းဆီး​စေ​၏​။ သို့သော် ရှမွေလ​ဦးဆောင်​သည့်​ပရောဖက်​တစ်စု ပရောဖက်ပြု​နေ​ကြ​သည်​ကို​သာ တွေ့​ရ​၏​။ ထို့ပြင် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​၏​လူ​တို့​အပေါ် သက်ရောက်​သဖြင့် သူ​တို့​လည်း ပရောဖက်ပြု​ကြ​လေ​၏​။


ယေရှဲ​၏​သား​သည် မြေကြီး​ပေါ်တွင် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​နှင့် သင့်​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ယခု​ချက်ချင်း သူ့​ကို လူ​လွှတ်​ခေါ်​စေ​။ သူ​သည် သေ​သင့်​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ