သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
ဆာလံ 52:1 - မြန်မာ့စံမီသမ္မာကျမ်း အို ခွန်အားကြီးသောသူ၊ သင်သည် မကောင်းမှု၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွားသနည်း။ ဘုရားသခင်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ Common Language Bible တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။ Garrad Bible အ ချင်း တန် ခိုး ကြီး သူ၊ အ ကျိုး ဖျက် မှု ၌၊ အ ဘယ့် ကြောင့် ဝါ ကြွား သ နည်း။ ဘု ရား သ ခင့် က ရု ဏာ တော် သည်၊ နေ့ စဉ် မ ပြတ် တည် မြဲ ၏။ Judson Bible အားကြီးသောအချင်းလူ၊ သင်သည်သူ့အကျိုးကိုဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ်တည်၏။ |
သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
သို့ရာတွင် ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အပေါ်၌ ထာဝရကာလမှထာဝရကာလတိုင်အောင်တည်၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း သူတို့၏သားမြေးစဉ်ဆက်အပေါ်၌လည်းကောင်း၊
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ မေတ္တာကရုဏာသည် အစဉ်အမြဲတည်၏။
အကြောင်းမူကား သူစိမ်းတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။ ကြမ်းကြုတ်သောသူတို့သည်လည်း အကျွန်ုပ်အသက်ကိုရန်ရှာကြပါ၏။ သူတို့သည် ဘုရားသခင်ကို ဦးထိပ်ထားခြင်းမရှိကြပါ။(စေလာ)
သူတို့သည် မိမိတို့ပါးစပ်ဖြင့် မြွက်ဟကြပါ၏။ သူတို့၏နှုတ်ခမ်း၌ ဓားများရှိပါ၏။ သူတို့က “မည်သူကြားသနည်း”ဟု ဆိုကြပါ၏။
ကြည့်ရှုလော့။ ထိုသူသည် အပြစ်ဒုစရိုက်ကိုသန္ဓေလွယ်၍ အခက်အခဲပြဿနာကို ကိုယ်ဝန်ဆောင်ကာ မုသားကိုမွေးဖွားလေပြီ။
သူတို့သည် မောက်မာသောစကားများကို မြွက်ဟပြောဆိုကြပါ၏။ အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဝါကြွားကြပါ၏။
နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။
ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက် ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။
ယုတ်ညံ့သောအကြံအစည်များကို တွေးတောကြံစည်သောစိတ်နှလုံး၊ မကောင်းမှုပြုရာသို့ အလျင်အမြန်ပြေးသောခြေ၊
တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
သူတို့၏လျှာသည် သေစေနိုင်သောမြားဖြစ်၏။ သူ၏နှုတ်သည် လိမ်လည်လှည့်ဖြားပြောဆိုတတ်၏။ အိမ်နီးချင်းကို ချိုချိုသာသာပြောဆိုသော်လည်း စိတ်ထဲ၌ အလစ်ချောင်းလျက်နေ၏”ဟု မိန့်တော်မူ၏။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊
အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ မသန့်ရှင်းသောသူ၊
ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။