အကြောင်းမူကား ကိုယ်တော်သည် ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။ အလိုရှိတော်မူလျှင် အကျွန်ုပ်ပူဇော်ခဲ့ပါလိမ့်မည်။ မီးရှို့ရာယဇ်ကိုလည်း နှစ်သက်တော်မမူပါ။
ကိုယ်တော်ရှင်သည်ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။ သို့မဟုတ်လျှင်ကျွန်တော်မျိုးသည် ယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်မီးရှို့ရာပူဇော်သကာ များကို နှစ်သက်တော်မမူပါ။
ပူ ဇော် သ က္ကာ ကို နှစ် မြို့ တော် မ မူ၊ မူ လျှင်၊ ပူ ဇော် ခဲ့ လေ ပြီ။ မီး ရှို့ ရာ သ က္ကာ ကို လည်း နှစ် သက် တော် မ မူ။
ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သောယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။
ငါသည် သင်၏ပူဇော်သက္ကာများအတွက် သင့်ကိုဆုံးမသည်မဟုတ်။ သင်၏မီးရှို့ရာယဇ်တို့သည်လည်း ငါ့ရှေ့၌အစဉ်မပြတ်ရှိကြ၏။
ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းကို အကျွန်ုပ် အကုန်အစင်မသိနိုင်သော်လည်း အကျွန်ုပ်၏နှုတ်သည် ထိုအကြောင်းတို့ကို တစ်နေ့လုံးပြောကြားပါမည်။
တစ်စုံတစ်ဦးသည် မိမိ၏အိမ်နီးချင်းကို တမင်သက်သက်ကြံစည်သတ်ဖြတ်လျှင် ထိုသူသည် သေဒဏ်ခံရန် ငါ၏ယဇ်ပလ္လင်တော်မှပင်ဖြစ်စေကာမူ သူ့ကိုဆွဲထုတ်သွားရမည်။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထို့ကြောင့် သင်သည် ဤစကားအလုံးစုံတို့ကို သူတို့အား ပြောပြရမည်။ သို့သော် သူတို့နားထောင်မည်မဟုတ်။ သင်ခေါ်သော်လည်း သူတို့ထူးမည်မဟုတ်။
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
လူတစ်ယောက်သည် မရည်ရွယ်ဘဲအပြစ်ပြုမိလျှင် သူသည် အပြစ်ဖြေရာယဇ်အတွက် တစ်နှစ်သားအရွယ် ဆိတ်မကလေးတစ်ကောင်ကို ပူဇော်ရမည်။
သေဒဏ်ခံထိုက်သည့်အပြစ်ရှိသောလူသတ်သမားသည် မုချအသတ်ခံရမည်ဖြစ်သောကြောင့် သူ၏အသက်အတွက် ရွေးနုတ်စရာအဖိုးအခကို မခံယူရ။
ယောက်ျားတစ်ယောက်သည် လင်ယောက်ျားရှိသောမိန်းမနှင့်အိပ်နေသည်ကို တွေ့မိလျှင် ယောက်ျားနှင့်မိန်းမ နှစ်ဦးစလုံး အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။
ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။