ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
ဆာလံ 51:14 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။ Common Language Bible အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ ကျွန်တော်မျိုးကိုကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။ Garrad Bible အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား၊ လူ သတ် ပြစ် နှင့် ကင်း လွတ် စေ တော် မူ ပါ။ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း၊ လျှာ ဖြင့် ကြွေး ကြော် ပါ မည်။ Judson Bible အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ လူအသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာသီချင်းဆိုပါမည်။ |
ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
ဒါဝိဒ်မင်းကြီးလက်ထက်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဆက်တိုက်ဖြစ်၏။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးက ထာဝရဘုရားထံမေးလျှောက်လျှင် ထာဝရဘုရားက “ရှောလုသည် ဂိဗောင်မြို့သားတို့ကို သတ်၍ အမျိုးအနွယ်ထဲတွင် သွေးစွန်းစေသောအပြစ်ကြောင့် ဤသို့ဖြစ်ရပြီ”ဟု မိန့်တော်မူ၏။
နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
အကျွန်ုပ်တို့အား ကြုံတွေ့စေသောအဖြစ်အပျက်အလုံးစုံတို့၌ ကိုယ်တော်သည် တရားပါ၏။ ကိုယ်တော်သည် သစ္စာရှိစွာပြုသော်လည်း အကျွန်ုပ်တို့ကား ဆိုးယုတ်စွာပြုတတ်ကြပါ၏။
ကိုယ်တော်၏သမ္မာတရားထဲ၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြ၍ အကျွန်ုပ်ကို သင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားသခင်ဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို တစ်နေ့လုံးစောင့်မျှော်ပါ၏။
အပြစ်သားတို့နှင့်အတူ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလည်းကောင်း၊ လူ့အသက်သတ်သောသူတို့နှင့်အတူ အကျွန်ုပ်၏အသက်ကိုလည်းကောင်း ရုပ်သိမ်းတော်မမူပါနှင့်။
ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို တစ်နေ့လုံးမြွက်ဆိုပါမည်။
အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားရှင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ငါတို့၏ဘုရားသခင်သည် ကယ်တင်တော်မူသောဘုရားဖြစ်တော်မူ၏။ သေခြင်းမှလွတ်မြောက်ခွင့်သည်လည်း ဘုရားရှင်ထာဝရဘုရားထံတော်မှလာ၏။
အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်ပါ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
ဆိုးယုတ်သောသူအား ငါက ‘အချင်းဆိုးယုတ်သောသူ၊ သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့်ပင် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်လှည့်စေရန် သင်သည် သူ့ကိုသတိမပေးလျှင် သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သူ့အသက်ကို သင့်ထံ ငါပြန်တောင်းမည်။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မှန်စွာပြုတော်မူသည့်အတိုင်း ကိုယ်တော်၏အမျက်ဒေါသကို ကိုယ်တော်၏သန့်ရှင်းသောတောင်တည်းဟူသော ဂျေရုဆလင်မြို့မှ ပြန်လည်ရုပ်သိမ်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဂျေရုဆလင်မြို့နှင့် လူမျိုးတော်တို့သည် ဝန်းကျင်ရှိလူအပေါင်းတို့အတွက် ကဲ့ရဲ့စရာ ဖြစ်ရပါပြီ။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
ငါသည် ထာဝရဘုရား၌ ဝမ်းမြောက်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်၌ ရွှင်လန်းမည်။
သို့သော် ဂျူးလူမျိုးတို့သည် သူ့ကိုဆန့်ကျင်၍ စော်ကားပြောဆိုကြသောအခါ သူသည် အဝတ်ကိုခါချလျက် “သင်တို့၏သွေးသည် သင်တို့ခေါင်းပေါ်၌တည်စေ။ ငါမူကား ၎င်းနှင့်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသွားမည်”ဟု ဆိုပြီးလျှင်
သို့ဖြစ်၍ ငါသည် အားလုံး၏သွေးနှင့်ကင်းရှင်းကြောင်း ယနေ့ပင် သင်တို့အား ငါသက်သေခံ၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။