သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။
ဆာလံ 50:14 - မြန်မာ့စံမီသမ္မာကျမ်း ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။ Common Language Bible ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။ Garrad Bible ငါ့ ဘု ရား သ ခင့် ထံ၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း ကို ပူ ဇော် လျက်၊ မြင့် မြတ် သော ဘု ရား ရှေ့ သ စ္စာ ဝတ် များ ကို ဖြေ လော့။ Judson Bible ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောအရာ၌ သစ္စာဝတ်ကိုဖြေလော့။ |
သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။
ဟာလေလုယ။ ငါတို့၏ဘုရားသခင်ကို သီဆိုချီးမွမ်းခြင်းသည် အမှန်ပင်ကောင်းမြတ်ပေ၏။ ကိုယ်တော်ကိုချီးမွမ်းခြင်းသည် သင့်လျော်၍ အမှန်ပင်နှစ်လိုဖွယ်ကောင်း၏။
လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်၏ချီးမွမ်းခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာပါ၏။ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့ရှေ့၌ အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေပါမည်။
ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့သည် ဝလင်စွာစားရကြလိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ သင် တို့စိတ်နှလုံးသည် ထာဝစဉ်ရှင်သန်ပါစေ။
ယခုအခါ ငါ၏ဦးခေါင်းသည် ငါ့ပတ်လည်ရှိ ငါ့ရန်သူတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏တဲတော်၌ ဝမ်းမြောက်စွာကြွေးကြော်သောအသံတည်းဟူသော ယဇ်များကိုပူဇော်ပါမည်။ ငါသည် သီချင်းဆိုလျက် ထာဝရဘုရားကို သီဆိုချီးမွမ်းပါမည်။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော့်ထံပြုထားသောကတိသစ္စာများသည် အကျွန်ုပ်၌ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ၎င်းကိုပြည့်စုံစေပါမည်။
သို့ဖြစ်၍ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေရန် ကိုယ်တော်၏နာမတော်ကို ထာဝစဉ်သီဆိုချီးမွမ်းပါမည်။
အို ဘုရားသခင်၊ ချီးမွမ်းခြင်းသည် ဇိအုန်၌ ကိုယ်တော်ကို စောင့်ကြိုနေပါ၏။ ပြုထားသောကတိသစ္စာကိုလည်း ကိုယ်တော်ထံ ပြည့်စုံစေပါမည်။
စိတ်နှိမ့်ချသောသူတို့သည် ထိုအမှုကိုမြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကိုရှာသောသူတို့၊ သင်တို့၏စိတ်နှလုံးသည် ရှင်သန်ပါစေသော။
သင်တို့၏ဘုရားသခင် ထာဝရဘုရားထံ ကတိသစ္စာပြု၍ ပြည့်စုံစေကြလော့။ ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့သည် ကြောက်ရွံ့ရိုသေရသောအရှင်ထံသို့ လက်ဆောင်ပဏ္ဏာကိုယူဆောင်လာကြပါစေသော။
ကိုယ်တော်သည် အုပ်ချုပ်သူမင်းတို့၏စိတ်ကို နှိမ့်ချတော်မူ၏။ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့အတွက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။
သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။
ကြည့်ရှုလော့။ ကောင်းမြတ်သောသတင်းကို ယူဆောင်လာသူ၊ ငြိမ်သက်ခြင်းသတင်းကြားပြောသူ၏ခြေတို့ကို တောင်များပေါ်တွင် တွေ့ရ၏။ အို ယုဒ၊ ပွဲတော်များကို ကျင်းပလော့။ ကတိသစ္စာဝတ်ကို ဖြေလော့။ ဆိုးညစ်သောသူကို သုတ်သင်ပစ်ပြီဖြစ်၍ သင့်ထံ ဝင်ရောက်ကျူးကျော်နိုင်တော့မည်မဟုတ်။
အဖျက်သမားသည် သင့်ကိုရင်ဆိုင်တိုက်ခိုက်ရန် ချီတက်လာပြီ။ ခံတပ်၌ အစောင့်ချထားလော့။ လမ်းကို စောင့်ကြည့်ထားလော့။ ခါးစည်းကို မြဲစေလော့။ အင်အားရှိသမျှကို စုစည်းလော့။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားအား သင့်ဆန္ဒရှိ၍ သင့်နှုတ်ဖြင့်ကတိသစ္စာပြုခဲ့သည့်အတိုင်း ထိုနှုတ်ထွက်ကတိသစ္စာကို ကြိုးစားလုပ်ဆောင်ရမည်။
သင်သည် မိမိအိမ်နီးချင်း၏စပျစ်ခြံထဲသို့ဝင်သောအခါ စပျစ်သီးကို သင်စားလိုသမျှ အဝစားခွင့်ရှိ၏။ သို့သော် သင့်အိတ်ထဲ ထည့်ယူမသွားရ။
အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။