ထို့နောက် ကာဣနသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် ကိုယ်ဝန်ဆောင်၍ ဧနောက်ကိုမွေးဖွားလေ၏။ ကာဣနသည် မြို့ကို တည်သောအခါ မိမိသား၏အမည်ကိုအစွဲပြု၍ ထိုမြို့၏အမည်ကို ဧနောက်မြို့ ဟုခေါ်၏။
ဆာလံ 49:12 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူသည် ဂုဏ်အရှိန်အဝါ၌ တည်မြဲရသည်မဟုတ်။ သူသည် သေကျေပျက်စီးတတ်သောတိရစ္ဆာန်နှင့်တူ၏။ Common Language Bible လူသည်စည်းစိမ်ချမ်းသာခံစား၍တည်မြဲ သည်မဟုတ်။ သူသည်တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။ Garrad Bible လူ သည် စည်း စိမ် ချမ်း သာ ခံ စား၍ တည် မြဲ သည် မ ဟုတ်။ ပျက် စီး တတ် သော တိ ရ စ္ဆာန် ထပ် တူ ရှိ လေ စွ။ Judson Bible သို့ရာတွင် လူသည်ဂုဏ်အသရေ၌ မတည်မနေတတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။ |
ထို့နောက် ကာဣနသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် ကိုယ်ဝန်ဆောင်၍ ဧနောက်ကိုမွေးဖွားလေ၏။ ကာဣနသည် မြို့ကို တည်သောအခါ မိမိသား၏အမည်ကိုအစွဲပြု၍ ထိုမြို့၏အမည်ကို ဧနောက်မြို့ ဟုခေါ်၏။
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)
လူသည် ဂုဏ်အရှိန်အဝါ၌ရှိသော်လည်း အသိဉာဏ်မရှိလျှင် သေကျေပျက်စီးတတ်သောတိရစ္ဆာန်များနှင့်တူ၏။
သို့သော် သင်တို့သည် သာမန်လူသားကဲ့သို့သေကြရလိမ့်မည်။ အခြားသောအကြီးအကဲများကဲ့သို့ ကျဆုံးကြရလိမ့်မည်။
အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။