ဆာလံ 49:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဤသည်ကား မိမိကိုယ်မိမိယုံကြည်အားထားသောသူတို့နှင့် ထိုသူတို့၏စကားကိုနှစ်သက်၍ သူတို့နောက်သို့လိုက်သောသူတို့၏လမ်းဖြစ်၏။(စေလာ) အခန်းကိုကြည့်ပါ။Common Language Bible13 မိမိတို့ကိုယ်ကိုယုံကြည်အားကိုးသူများ၊ မိမိတို့စည်းစိမ်ချမ်းသာဖြင့်ကျေနပ်နေသူ များ၏ ကံကြမ္မာကိုကြည့်ကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible13 ကိုယ် ကို စိတ် ချ သူ တို့ အ ကျိုး ဆက်၊ ကိုယ့် ပိုင် စု ကို ခင် မင် သူ တို့ အ ဆုံး ကား၊ ထို သို့ ပင် တည်း။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက်တတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
အကြောင်းမူကား လူသားတို့ကြုံတွေ့ရသောအဖြစ်နှင့် တိရစ္ဆာန်တို့ကြုံတွေ့ရသောအဖြစ်သည် တစ်ခုတည်းဖြစ်၍ တစ်မျိုးသည် သေရသကဲ့သို့ အခြားတစ်မျိုးလည်း သေရ၏။ ၎င်းတို့အားလုံး၌ တူညီသောထွက်သက်ဝင်သက်ရှိ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် သာလွန်သည်မဟုတ်။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏။