အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူ ချီတက်တော်မမူပါ။
ဆာလံ 44:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်၍ အသရေပျက်စေတော်မူပြီ။ အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူလည်း ချီတက်တော်မမူတော့ပါ။ Common Language Bible သို့ရာတွင်ယခုအခါ၌ကိုယ်တော်သည် ကျွန်တော်မျိုးတို့အားပစ်ပယ်တော်မူလျက် အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူတော့ပါ။ Garrad Bible ကိုယ် တော် မူ ကား၊ ဗိုလ် ခြေ များ နှင့် မ ချီ ကြွ ဘဲ၊ အ ကျွန်ုပ် တို့ ကို စွန့် ပယ်၍၊ အ သ ရေ ပျက် စေ တော် မူ ပါ ပြီ။ Judson Bible သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီ။ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူပါ။ |
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူ ချီတက်တော်မမူပါ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏မှီခိုရာဘုရားသခင်ဖြစ်တော်မူ၏။ အဘယ်ကြောင့် အကျွန်ုပ်ကို ငြင်းပယ်တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်ခဲ့ပါ၏။ အကျွန်ုပ်တို့ကိုဖြိုဖျက်ခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော်ထွက်ခဲ့ပါ၏။ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေတို့နှင့်အတူ မချီတက်ဘဲနေတော်မူမည်လော။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုစွန့်ပယ်၍ အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ဝါကြွားသောသူမူကား ငါထာဝရဘုရားသည် ကမ္ဘာမြေပေါ်တွင် မေတ္တာကရုဏာပြသောဘုရား၊ တရားမျှတသောဘုရား၊ ဖြောင့်မတ်သောဘုရားဖြစ်၍ ထိုသို့ပြုခြင်းကို ငါနှစ်သက်ကြောင်း သိနားလည်ခြင်း၌သာ ဝါကြွားစေ”ဟု မိန့်တော်မူ၏။