ကိုယ်တော်သည် လူမျိုးခြားတို့၏အမွေကို မိမိ၏လူမျိုးတော်အား ပေးတော်မူခြင်းဖြင့် မိမိပြုသောအမှုတို့၏တန်ခိုးကို သူတို့အားဖော်ပြတော်မူ၏။
ဆာလံ 44:4 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်ရှင်၏လူစုတော်အားအောင်ပွဲကို ပေးတော်မူပါ၏။ Garrad Bible အို ဘု ရား သ ခင်၊ အ ကျွန်ုပ်၏ ဘု ရင် မင်း မြတ် ဖြစ် တော် မူ သည့် အ လျောက်၊ ယာ ကုပ် အ မျိုး၏ အောင် မြင် ခွင့် ကို စီ ရင် တော် မူ ပါ ဦး။ Judson Bible အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင် ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်းအကြောင်းကို စီရင်တော်မူပါ။ |
ကိုယ်တော်သည် လူမျိုးခြားတို့၏အမွေကို မိမိ၏လူမျိုးတော်အား ပေးတော်မူခြင်းဖြင့် မိမိပြုသောအမှုတို့၏တန်ခိုးကို သူတို့အားဖော်ပြတော်မူ၏။
အစ္စရေးလူမျိုးသည် မိမိကိုဖန်ဆင်းသောအရှင်၌ ဝမ်းမြောက်ပါစေ။ ဇိအုန်သားသမီးတို့သည် မိမိတို့၏ရှင်ဘုရင်၌ ရွှင်လန်းကြပါစေ။
ထာဝရဘုရားသည် နေ့အချိန်၌ မိမိ၏မေတ္တာကရုဏာတော်ကို ပြတော်မူသည်ဖြစ်၍ ညအချိန်၌ ငါ့အသက်၏အရှင်၊ ဘုရားသခင်ထံ ငါဆုတောင်း၏။ ကိုယ်တော်အား ချီးမွမ်းသောသီချင်းကို ငါသီဆို၏။
သို့သော် ဘုရားသခင်သည် ရှေးကာလမှစ၍ အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအလယ်၌ ကယ်တင်ခြင်းအမှုကိုပြုတော်မူ၏။
အကြောင်းမူကား အကျွန်ုပ်တို့၏ဒိုင်းလွှားသည် ထာဝရဘုရား၏ပိုင်ဆိုင်တော်မူရာဖြစ်၏။ အကျွန်ုပ်တို့၏ရှင်ဘုရင်သည်လည်း အစ္စရေး၏သန့်ရှင်းသောအရှင်၏ ပိုင်ဆိုင်တော်မူရာဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် တန်ခိုးတော်ဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် ရန်သူကို ချိုးဖဲ့ခြေမွှတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
ကိုယ်တော်သည်ချဉ်းကပ်၍ ထိုအမျိုးသမီး၏လက်ကိုကိုင်လျက် ထူမတော်မူရာ သူသည်အဖျားပျောက်သဖြင့် သူတို့ကိုဧည့်ဝတ်ပြုလေ၏။
ကိုယ်တော်သည် ကြင်နာစိတ်ရှိတော်မူသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။
ယေရှုသည် လူထုပရိသတ်ပြေးလာကြသည်ကိုမြင်လျှင် ညစ်ညူးသောနတ်ကိုဆုံးမလျက်“ဆွံ့အ၍ နားပင်းသောနတ်၊ သင့်အား ငါအမိန့်ပေး၏။ သူ့အထဲမှထွက်သွားလော့။ နောက်တစ်ဖန် သူ့အထဲသို့မဝင်နှင့်”ဟု မိန့်တော်မူ၏။
သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။
သို့ရာတွင် ထာဝရဘုရားသည် သင်တို့ကို ချစ်တော်မူသောကြောင့်လည်းကောင်း၊ သင်တို့၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ကတိတော်ကို တည်စေသောကြောင့်လည်းကောင်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထုတ်ဆောင်တော်မူ၏။ ကျွန်ခံရာအိမ်အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်မှ ရွေးနုတ်တော်မူ၏။
သင်တို့၏ဓားအားဖြင့်မဟုတ်၊ လေးအားဖြင့်လည်းမဟုတ်။ ငါသည် ပျားတူများကို သင်တို့ရှေ့မှ စေလွှတ်၍ အာမောရိလူမျိုးတို့ရှင်ဘုရင်နှစ်ပါးကို သင်တို့ရှေ့မှနှင်ထုတ်၏။