ဆာလံ 149:2 - မြန်မာ့စံမီသမ္မာကျမ်း2 အစ္စရေးလူမျိုးသည် မိမိကိုဖန်ဆင်းသောအရှင်၌ ဝမ်းမြောက်ပါစေ။ ဇိအုန်သားသမီးတို့သည် မိမိတို့၏ရှင်ဘုရင်၌ ရွှင်လန်းကြပါစေ။ အခန်းကိုကြည့်ပါ။Common Language Bible2 ဣသရေလအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကို အကြောင်းပြု၍ဝမ်းမြောက်ကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible2 ဣ သ ရေ လ လူ မျိုး သည် မိ မိ ကို ဖန် ဆင်း ပြု ပြင် တော် မူ သော အ ရှင် ၌ ဝမ်း မြောက် လျက်၊ ဇိ အုန် သား သ မီး တို့ သည် ကိုယ့် ဘုရင် ၌ ရွှင် လန်း ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible2 ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်းတော်မူသောဘုရားကိုအမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန်သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ။ အခန်းကိုကြည့်ပါ။ |
ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ငြိမ်းချမ်းခြင်းအကြောင်းပြောကြားသောသူ၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ကယ်တင်ခြင်းအကြောင်းပြောကြားသောသူ၊ “သင်၏ဘုရားသခင်သည် စိုးစံတော်မူ၏”ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေသည် တောင်ပေါ်တွင် အလွန်တင့်တယ်စွပါတကား။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထိုအခါ သူတို့က “သုတ်သင်လိုက်ပါ၊ သုတ်သင်လိုက်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “သင်တို့၏ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်၌ ငါတင်ရမည်လော”ဟု မေးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့က “အကျွန်ုပ်တို့တွင် ဆီဇာဧကရာဇ်မှလွဲ၍ အခြားဘုရင်မရှိပါ”ဟု ပြန်လျှောက်ကြ၏။