သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။
ဆာလံ 37:39 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူကိုကယ်တင်ခြင်းအကြောင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ဆင်းရဲဒုက္ခရောက်သောအချိန်တွင် ကိုယ်တော်သည် သူတို့၏မှီခိုရာဖြစ်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။ Garrad Bible ဖြောင့် မတ် သူ တို့ ၏ ကယ် တင် ရာ ကယ် တင် ကြောင်း သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ဖြစ်၏။ ဒု က္ခ ရောက် ရာ ကာ လ၌၊ ကိုယ် တော် သည်၊ သူ တို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။ Judson Bible ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ |
သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။
ဤသို့ဖြင့် ထာဝရဘုရားသည် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့ကို အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့် အခြားရန်သူအပေါင်းတို့၏လက်မှ ကယ်နုတ်တော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင် အေးချမ်းစေလေ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါ၏စိတ်နှလုံးသည် ကိုယ်တော်ကို ယုံကြည်ကိုးစားသဖြင့် ငါသည် ကူညီမစတော်မူခြင်းကိုခံရ၏။ ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ရွှင်မြူး၏။ ငါသည် ငါ့သီချင်းဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းမည်။
ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ)
သူ၏အရိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူ၍ ထိုအရိုးတစ်ချောင်းမျှချိုးဖဲ့ခြင်းမခံရ။
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ထို့ကြောင့် မြေကြီးသည် ပြောင်းလဲသွား၍ တောင်များသည် သမုဒ္ဒရာ၏အလယ်ဗဟိုသို့ ရွေ့သွားကြလျှင်ပင်လည်းကောင်း၊
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
ကိုယ်တော်၏နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြပါလိမ့်မည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကိုရှာသောသူတို့အား စွန့်ပစ်တော်မမူပါ။
ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
ဖြောင့်မတ်သောသူသည် ဆင်းရဲဒုက္ခထဲမှလွတ်မြောက်၍ ဆိုးယုတ်သောသူသည် သူ့အစားဝင်ရ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စောင့်မျှော်ကြပါ၏။ နံနက်အချိန်၌ အကျွန်ုပ်တို့ကို ခွန်အားပေးတော်မူပါ။ ဆင်းရဲဒုက္ခရောက်သည့်ကာလ၌ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။
ငါသည် ဤလူတို့ရှေ့၌ သင့်ကို ခိုင်ခံ့သောကြေးနီမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်မည်မဟုတ်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုရွေးနုတ်ကယ်တင်မည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် မီးတောက်လောင်နေသောမီးပြင်းဖိုထဲမှ အကျွန်ုပ်တို့ကို ကယ်တင်နိုင်ပါ၏။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်။
အကျွန်ုပ်မူကား ကိုယ်တော့်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ပူဇော်ပါမည်။ ကတိသစ္စာထားသည့်အတိုင်း ပြုပါမည်။ ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှ လာပါ၏”ဟု ဆုတောင်းလေ၏။
အကြောင်းမူကား သင်တို့သည် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ ၎င်းသည် သင်တို့ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။
ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့်
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။