အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 36:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အဖိုးတန်​လှ​ပါ​၏​။ လူသား​တို့​သည် ကိုယ်တော်​၏ အတောင်​တော်​အရိပ်​အောက်​၌ ခိုလှုံ​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အို ဘု ရား သ ခင်၊ မေ တ္တာ ကျေး ဇူး တော် လွန် ကဲ လှ ပါ သည်။ အ တောင် တော့် အောက်၌ လူ့ သား တို့ ခို လှုံ ရ လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော်​သည် အ​လွန်​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ၏။ ထို​ကြောင့် လူ​သား​တို့​သည် အ​တောင်​တော်​အ​ရိပ်​ကို ခို​လှုံ​လျက်​နေ​ရ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 36:7
19 ပူးပေါင်းရင်းမြစ်များ  

အနန္တတန်ခိုးရှင်​ကို အကျွန်ုပ်​တို့ လိုက်​၍​မ​မီ​နိုင်​။ ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင် ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့် ပြည့်စုံ​တော်မူ​၏​။ မတရား​သော​အမှု​ကို ပြု​တော်​မ​မူ​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​အတွေးအကြံ​တို့​သည် အကျွန်ုပ်​အတွက် တန်ဖိုးကြီး​လှ​ပါ​၏​။ ၎င်း​တို့​အားလုံး​၏​ပမာဏ​သည် များပြား​လှ​ပါ​၏​။


အကျွန်ုပ်​ကို​နိုင်ထက်စီးနင်း​ပြု​သည့် ဆိုးယုတ်​သော​သူ​တို့​၏​ရှေ့​မှ​လည်းကောင်း​၊ အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​လျက် အကျွန်ုပ်​ကို​သတ်​လို​သော​ရန်သူ​တို့​ရှေ့​မှ​လည်းကောင်း အကျွန်ုပ်​ကို ကိုယ်တော်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ရှောက်​တော်မူ​ပါ​။ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ကို​ဖုံးကွယ်​ထား​တော်မူ​ပါ​။


ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​အတွက် သိုမှီး​ထား​၍ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တို့​အတွက် လူသား​တို့​ရှေ့​တွင်​ပြု​တော်မူ​သော ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​သည် ကြွယ်ဝ​လှ​ပါ​၏​။


အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ခိုလှုံ​ပါ​၏​။ ပျက်စီး​ခြင်း​ဘေး​များ​ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ခိုလှုံ​ပါ​မည်​။


ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် အထက်ကောင်းကင်​တိုင်အောင်​ရောက်​ပါ​၏​။ ကြီးမြတ်​သော​အမှု​တို့​ကို​ပြု​တော်မူ​သော ဘုရားသခင်​၊ မည်သူ​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။


သို့သော် အို ဘုရားရှင်​၊ ကိုယ်တော်​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​နှင့်​ပြည့်စုံ​သော ဘုရားသခင်​ဖြစ်​တော်မူ​ပြီး စိတ်ရှည်​သော​သဘော​၊ သမ္မာတရား​နှင့်​မေတ္တာကရုဏာ​ကြွယ်ဝ​သော သဘော​ရှိ​တော်မူ​၏​။


အကြောင်းမူကား အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကောင်းမြတ်​၍ ခွင့်လွှတ်​တော်မူ​တတ်​၏​။ ကိုယ်တော်​ကို​ခေါ်​သော​သူ​အပေါင်း​တို့​အပေါ်​၌​လည်း မေတ္တာကရုဏာ​တော်​ကြွယ်ဝ​တော်မူ​၏​။


ကိုယ်တော်​သည် မိမိ​၏​အတောင်​တော်​အမွေး​ဖြင့် သင့်​ကို​အုပ်မိုး​တော်မူ​လိမ့်မည်​။ သင်​သည်​လည်း ကိုယ်တော်​၏ အတောင်​တော်​အောက်​၌ ခိုလှုံ​ရ​လိမ့်မည်​။ ကိုယ်တော်​၏​သစ္စာ​တော်​သည် ဒိုင်းကာ​နှင့်​ဒိုင်းလွှား​ဖြစ်​၏​။


ထာဝရဘုရား​သည် သူ့​ရှေ့​မှ​ဖြတ်သွား​၍ “​ထာဝရဘုရား​၊ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​၊ ကျေးဇူးပြု​တတ်​သော​ဘုရား​၊ စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ သစ္စာတည်​သော​ဘုရား​ဖြစ်​၏​။


အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့​စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ​အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။


ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။


ကိုယ်တော်​သည် ထို​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​တို့​အားဖြင့် ကြီးမြတ်​၍ အဖိုးတန်​သော​ကတိ​တော်​များ​ကို ငါ​တို့​အား ပေး​သနား​တော်မူ​၏။ ဤသည်ကား ထို​ကတိ​တော်​အားဖြင့် သင်​တို့​သည် ဤ​ကမ္ဘာ​လောက​၌​ရှိ​သည့်​တပ်မက်​ခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သော​ပျက်စီး​ခြင်း​မှ လွတ်မြောက်​၍ ဘုရား​ဇာတိ​အဖြစ်​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။


ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​ရန် ခမည်းတော်​သည် မည်မျှ​ကြီးမား​သော​ချစ်​ခြင်း​မေတ္တာ​ကို ငါ​တို့​အား ပေး​တော်မူ​သည်​ကို ဆင်ခြင်​ကြ​လော့။ အမှန်ပင် ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ လောကီသား​တို့​သည် ဘုရားသခင်​ကို​မ​သိ​သောကြောင့် ငါ​တို့​ကို​လည်း​မ​သိ​ကြ။


သင်​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား သင့်​အား ပြန်လည်​ကျေးဇူးပြု​ပါစေသော​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​အတောင်​တော်​အရိပ်​အောက်​၌ လာရောက်​ခိုလှုံ​သည်​ဖြစ်၍ ထို​အရှင်​ထံမှ အကျိုးကျေးဇူး​ကြွယ်ဝ​စွာ ခံစား​ရ​ပါစေသော​”​ဟု ပြန်ပြော​၏​။