ဆာလံ 63:7 - မြန်မာ့စံမီသမ္မာကျမ်း7 ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ ရွှင်လန်းစွာသီချင်းဆိုပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible7 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။ အခန်းကိုကြည့်ပါ။Judson Bible7 အကျွန်ုပ်ကို မစတော်မူသောကြောင့်၊ အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်တော်ထွက်၍ ကိုယ်တော်၏အစေအပါးကို ငြင်းပယ်တော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်ပါ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်ကိုပစ်ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
အကျွန်ုပ်ကိုနိုင်ထက်စီးနင်းပြုသည့် ဆိုးယုတ်သောသူတို့၏ရှေ့မှလည်းကောင်း၊ အကျွန်ုပ်ကိုဝိုင်းရံထားလျက် အကျွန်ုပ်ကိုသတ်လိုသောရန်သူတို့ရှေ့မှလည်းကောင်း အကျွန်ုပ်ကို ကိုယ်တော်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။