အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်ကိုရွေးနုတ်တော်မူပါ။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
ဆာလံ 35:23 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးဖြောင့်မှန်ကြောင်းစီရင် ဆုံးဖြတ်တော်မူပါ။ Garrad Bible အ ကျွန်ုပ် အ မှု လဲ လျှောက် ၍ ဆုံး ဖြတ် ရန်၊ နိုး ကြား ကြွ ရောက် တော် မူ ပါ။ အ ကျွန်ုပ် အ ရှင်၊ အ ကျွန်ပ် ဘု ရား သ ခင်၊ Judson Bible အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည်အကြောင်း ကိုယ်ကိုနှိုးဆော်၍ ထတော်မူပါ။ |
အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်ကိုရွေးနုတ်တော်မူပါ။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့အော်ဟစ်ပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပြီး အသက်ရှင်သောသူတို့၏ပြည်၌ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏”ဟု အကျွန်ုပ်ပြောဆိုပါ၏။
အို ဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်နေတော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်ငြင်းပယ်တော်မမူပါနှင့်။
ကိုယ်တော်သည် အဘယ်ကြောင့် မျက်နှာလွှဲတော်မူပါသနည်း။ အကျွန်ုပ်တို့ခံစားရသော ဖိစီးနှိပ်စက်မှုနှင့်ညှဉ်းပန်းမှုကို အဘယ်ကြောင့် မေ့လျော့တော်မူပါသနည်း။
အကျွန်ုပ်၌ ဒုစရိုက်မရှိဘဲလျက် သူတို့သည် ပြေးလာ၍ အသင့်ပြင်ထားကြပါ၏။ အကျွန်ုပ်ကိုမစရန် နိုးကြွ၍ကြည့်ရှုတော်မူပါ။
အို ထာဝရဘုရား၊ အမျက်တော်နှင့်ထတော်မူပါ။ အကျွန်ုပ်ရန်သူတို့၏ဒေါသကိုဆန့်ကျင်လျက် ရပ်တော်မူပါ။ အကျွန်ုပ်အတွက် နိုးကြွတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ခြင်းကိုစီမံတော်မူပြီ။
လူမျိုးတို့၏အစုအဝေးသည် ကိုယ်တော်ကိုဝိုင်းရံကြပါစေ။ ထိုသူတို့အထက် မြင့်သောအရပ်သို့ ပြန်ကြွတော်မူပါ။
ဆိုးယုတ်သောသူတို့၏မကောင်းမှုသည် ပပျောက်သွားပါစေ။ သို့သော် ဖြောင့်မတ်သောသူကိုတည်မြဲစေတော်မူပါ။ ဖြောင့်မတ်တော်မူသောဘုရားသခင်သည် စိတ်နှလုံးအတွင်းသဘောကို စစ်ဆေးတော်မူ၏။
အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်တော်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းတော်မူပါ။ မိုက်မဲသောသူသည် ကိုယ်တော်ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်သည်ကို အောက်မေ့တော်မူပါ။
ဧဖရိမ်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်နှင့် မနာရှေအမျိုးအနွယ်တို့ရှေ့တွင် ကိုယ်တော်၏အစွမ်းတန်ခိုးကိုနှိုးဆော်၍ အကျွန်ုပ်တို့ကိုကယ်တင်ရန် ကြွလာတော်မူပါ။
သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ကယ်တင်ခြင်းကျောက်ဆောင် ဖြစ်တော်မူ၏’ဟု ငါ့ထံသို့ ဟစ်ခေါ်လိမ့်မည်။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
အို ထာဝရဘုရား၊ အကျွန်ုပ် မတရားသဖြင့်ခံရသည်ကို ကိုယ်တော်မြင်တော်မူပါပြီ။ အကျွန်ုပ်အမှုကို စီရင်တော်မူပါ။