Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 7:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 လူမျိုး​တို့​၏​အစုအဝေး​သည် ကိုယ်တော်​ကို​ဝိုင်းရံ​ကြ​ပါစေ​။ ထို​သူ​တို့​အထက် မြင့်သောအရပ်​သို့ ပြန်ကြွ​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 လူ​အ​ပေါင်း​တို့​ကို​ကိုယ်​တော်​ရှင်​၏​ပတ်​လည်​တွင်​စု​ရုံး​စေ​တော်​မူ​ပြီး​နောက် အ​ထက်​အ​ရပ်​မှ​သူ​တို့​အား​အုပ်​စိုး​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 လူ မျိုး အ စု အ ရုံး တို့ ကို ခြံ ရံ စေ လျက်၊ သူ တို့ အ ထက် ဘ ဝဂ် သို့ ပြန် ကြွ တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 လူ​မျိုး​တို့​သည်​စည်း​ဝေး၍ ကိုယ်​တော်​ကို ဝန်း​ရံ​ကြ​လျက်၊ သူ​တို့​အ​ဖို့ မြင့်​ရာ​အ​ရပ်​သို့ ပြန်​ကြွ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 7:7
13 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သော်လည်း နှိမ့်ချ​သော​သူ​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ဘဝင်မြင့်​သော​သူ​တို့​ကို​ကား အဝေး​ကပင် သိ​တော်မူ​၏​။


အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​အရှင်​၊ တရားမျှတမှု​ကို​အကျွန်ုပ်​ရရှိ​ရန်​နှင့် အကျွန်ုပ်​၏​အမှုကိစ္စ​အတွက် နိုးကြွ​၍​ထ​တော်မူ​ပါ​။


အို ဘုရားသခင်​၊ အကျွန်ုပ်​၌ အပြစ်​မ​ရှိ​ကြောင်း​စီရင်​တော်မူ​ပါ​။ ဘုရားတရားမဲ့​သော​လူမျိုး​ကို​ဆန့်ကျင်​လျက် အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​တော်မူ​ပါ​။ လိမ်လည်လှည့်ဖြား​၍ မတရားမှု​ပြု​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။


ကိုယ်တော်​၏​တရားစီရင်​တော်မူ​ချက်​များ​ကြောင့် ဇိအုန်​တောင်​သည် ဝမ်းမြောက်​ပါစေ​။ ယုဒ​သမီးပျို​တို့​သည် ရွှင်လန်း​ကြ​ပါစေ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဖြစ်​ပါ​၏​။ လူမျိုး​အပေါင်း​တို့​ကို​ဒဏ်ခတ်​ရန် ထ​တော်မူ​ပါ​။ သစ္စာမဲ့​သော​ယုတ်ညံ့​သူ​တစ်စုံတစ်ဦး​ကို​မျှ သနား​တော်​မ​မူ​ပါ​နှင့်​။(​စေလာ)


မြင့်သောအရပ်​၌​ရှိ​တော်မူ​သော​ထာဝရဘုရား​သည် များစွာ​သော​ရေ​တို့​၏​မြည်ဟည်းသံ​ထက်​တန်ခိုးကြီး​တော်မူ​၏​။ ပင်လယ်​လှိုင်းတံပိုး​များ​ထက် တန်ခိုးကြီး​တော်မူ​၏​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


ကောင်းကင်​မှစ၍ သန့်ရှင်း​သူ​များ၊ တမန်တော်​များ​နှင့် ပရောဖက်​များ​တို့၊ ထို​မြို့​၏​အဖြစ်​ကြောင့် ပျော်ရွှင်​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အပေါ် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေ​တော်မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ