ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။
ဆာလံ 22:11 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် နီးကပ်လာပါပြီ။ ကူညီမစမည့်သူလည်းမရှိပါ။ Common Language Bible ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုးဒုက္ခရောက်ပါတော့မည်။ ကူမမည့်သူလည်းတစ်ယောက်မျှမရှိပါ။ Garrad Bible ဒု က္ခ ရောက် လျှင်၊ ကယ် မည့် သူ မ ရှိ သော ကြောင့်၊ အ ကျွန်ုပ် ထံ မှ ဝေး ကွာ စွာ နေ တော် မ မူ ပါ နှင့်။ Judson Bible အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ ဘေးအန္တရာယ်ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။ |
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝေး၌ရပ်နေတော်မူသနည်း။ ဘေးဒုက္ခရောက်ချိန်၌ အဘယ်ကြောင့် ပုန်းကွယ်၍နေတော်မူသနည်း။
အို ထာဝရဘုရား၊ ကိုယ်တော်မြင်တော်မူပါ၏။ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အို ဘုရားရှင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
အကျွန်ုပ်၏စိတ်ဝိညာဉ်ထံသို့ချဉ်းကပ်၍ ရွေးနုတ်တော်မူပါ။ အကျွန်ုပ်၏ရန်သူများကြောင့် အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်တော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အကျွန်ုပ်သည် မွေးဖွားချိန်မှစ၍ ကိုယ်တော်ကိုမှီခိုအားထားပါ၏။ အကျွန်ုပ်၏မိခင်ဝမ်းထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်ခဲ့သောအရှင်မှာ ကိုယ်တော်သာဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။
အကြောင်းမူကား သူသည် အကူအညီအော်ဟစ်တောင်းခံသည့် နွမ်းပါးသောသူကိုလည်းကောင်း၊ ကူညီမစမည့်သူမရှိသည့် အဖိနှိပ်ခံရသောသူကိုလည်းကောင်း ကယ်နုတ်တော်မူလိမ့်မည်။
ငါကြည့်လိုက်သော် ကူညီမစမည့်သူမရှိ။ ထောက်မမည့်သူလည်းမရှိသည်ကို ငါအံ့ဩ၏။ ထို့ကြောင့် ငါ့လက်ရုံးသည် ကယ်တင်ခြင်းအမှုကိုပြုပြီ။ ငါ့အမျက်ဒေါသသည် ငါ့ကိုထောက်မပြီ။
သို့သော် ဤအမှုအရာအားလုံးဖြစ်ပျက်ရခြင်းမှာ ပရောဖက်ကျမ်းများပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။
ပေတရုကလည်း “ထိုသူကိုငါမသိ”ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။
ကြည့်ရှုလော့။ သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည် တစ်ကိုယ်တည်းမဟုတ်။
ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။