ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
ဆာလံ 15:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူကား အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူ၊ ဖြောင့်မတ်စွာပြုကျင့်သောသူ၊ မိမိစိတ်နှလုံးမှ သစ္စာစကားကိုပြောဆိုသောသူ၊ Common Language Bible ခပ်သိမ်းသောအမှုတို့တွင်ဘုရားသခင်၏ စကားကိုနားထောင်လျက် ဖြောင့်မှန်ရာကိုအစဉ်ပြုကျင့်တတ်သူ၊ ဟုတ်မှန်ရိုးသားစွာပြောဆိုတတ်သူ၊ Garrad Bible စုံ လင် စွာ ကျင် လည် လျက်၊ ဖြောင့် မတ် စွာ ပြု ကျင့် လျက်၊ စိတ် ပါ ကိုယ် ရောက် မှန် ကန် စွာ ပြော ဆို သူ၊ Judson Bible ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊ |
ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
ကိုယ်တော်က “စင်စစ် သူတို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ သူတို့သည် သစ္စာမပျက်သောသားသမီးများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်လည်း သူတို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏။
“ယာကုပ်အမျိုးအနွယ်တို့၊ ‘ထာဝရဘုရားသည် စိတ်တို၍ ဤသို့ပြုတော်မူပြီလော’ဟု သင်တို့ဆိုသင့်သလော။ ငါ့စကားသည် ဖြောင့်မှန်စွာကျင့်ကြံသူအတွက် အကျိုးဖြစ်စေသည်မဟုတ်လော။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
မည်သည့်လူမျိုးမဆို ကိုယ်တော်ကိုကြောက်ရွံ့လျက် ဖြောင့်မတ်စွာပြုကျင့်လျှင် နှစ်သက်လက်ခံတော်မူကြောင်း ငါအမှန်ပင်သဘောပေါက်ပြီ။
ဘုန်းတော်၊ ဂုဏ်တော်နှင့် ငြိမ်သက်ခြင်းတို့မူကား ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ကောင်းသောအမှုကိုပြုသောသူအပေါင်းတို့အပေါ်သို့ သက်ရောက်လိမ့်မည်။
သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
အချင်းချင်းမလိမ်ညာကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းကို ၎င်း၏အကျင့်များနှင့်အတူချွတ်ပယ်၍
ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကိုအောင်ခြင်း၊ ဖြောင့်မတ်စွာအုပ်ချုပ်ခြင်း၊ ကတိတော်များကိုခံစားရခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။
ဘုရားသခင်၌ ငါတည်၏ဟုဆိုသောသူသည် ခရစ်တော်အသက်ရှင်လျှောက်လှမ်းတော်မူခဲ့သည့်အတိုင်း အသက်ရှင်လျှောက်လှမ်းရမည်။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။