ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ဆာလံ 146:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဝိညာဉ်ထွက်သွားသောအခါ မြေကြီးသို့ ပြန်သွားရ၏။ ထိုနေ့၌ပင် သူတို့၏အကြံအစည်တို့သည် ပျက်စီးကြ၏။ Common Language Bible သူတို့သည်သေသောအခါမြေသို့ပြန်ကြရ၍ သူတို့၏အကြံအစည်ပျက်ပြားရကြ၏။ Garrad Bible အ သက် ထွက် လျက်၊ မြေ သို့ ပြန် ရာ၊ ထို နေ့ ချင်း တွင် အ ကြံ အ စည် များ ပျက် စီး လေ ၏။ Judson Bible သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
သူ့သားတို့ချီးမြှောက်ခံရလျှင်လည်း သူမသိရပါ။ သူတို့အထင်သေးခံရလျှင်လည်း သူနားမလည်ပါ။
ငါ့အသက်ဝိညာဉ် ချုပ်ငြိမ်းပြီ။ ငါနေရမည့်နေ့ရက်တို့ ကုန်ဆုံးပြီ။ သင်္ချိုင်းလည်း ငါ့ကို စောင့်ကြိုနေပြီ။
ငါနေရမည့်နေ့ရက်များ ကုန်လွန်သွားပြီ။ ငါ့ရည်ရွယ်ချက်၊ ငါ့စိတ်အလိုဆန္ဒများလည်း ပျက်လွင့်ကုန်ပြီ။
ငါ့အထဲ၌ ဇီဝအသက်ရှိနေသေးသရွေ့၊ ငါ့နှာခေါင်းထဲတွင် ဘုရားသခင်ပေးသောလေရှူနေရသေးသရွေ့
မျက်နှာလွှဲတော်မူသောအခါ သူတို့သည် ထိတ်လန့်ကြပါ၏။ သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍ မိမိတို့ဖြစ်လာရာ မြေမှုန့်သို့ပြန်သွားကြပါ၏။
ထာဝရဘုရားသည် တိုင်းနိုင်ငံတို့၏အကြံဉာဏ်ကို ပယ်ဖျက်၍ လူမျိုးတို့၏အကြံအစည်များကို ဟန့်တားတော်မူ၏။
ကိုယ်တော်က “အချင်းလူသားတို့၊ ပြန်သွားကြလော့”ဟု မိန့်တော်မူလျက် လူကို မြေမှုန့်သို့ ပြန်သွားစေတော်မူ၏။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
သူတို့၏ချစ်ခြင်းမေတ္တာ၊ သူတို့၏မုန်းတီးခြင်း၊ သူတို့၏မနာလိုဝန်တိုခြင်းတို့သည်လည်း ပျက်စီးပြီဖြစ်၏။ နေအောက်တွင်ပြုသမျှသောအမှု၌ သူတို့အတွက် နောက်တစ်ဖန်မည်သည့်ဝေစုမျှ ရှိတော့မည်မဟုတ်။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
သို့ရာတွင် ငါတို့သည် စုံလင်ရင့်ကျက်သောသူတို့အထဲ၌ ဉာဏ်ပညာစကားကိုပြောဆိုကြ၏။ ထိုသို့ဆိုသော် ၎င်းသည် ဤလောက၏ဉာဏ်ပညာမဟုတ်။ ပယ်ဖျက်ခြင်းခံရတော့မည့် ဤလောကကိုအုပ်ချုပ်သူတို့၏ဉာဏ်ပညာလည်းမဟုတ်။