ဆာလံ 146:4 - Common Language Bible4 သူတို့သည်သေသောအခါမြေသို့ပြန်ကြရ၍ သူတို့၏အကြံအစည်ပျက်ပြားရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 အ သက် ထွက် လျက်၊ မြေ သို့ ပြန် ရာ၊ ထို နေ့ ချင်း တွင် အ ကြံ အ စည် များ ပျက် စီး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သူတို့၏ဝိညာဉ်ထွက်သွားသောအခါ မြေကြီးသို့ ပြန်သွားရ၏။ ထိုနေ့၌ပင် သူတို့၏အကြံအစည်တို့သည် ပျက်စီးကြ၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-