ယခုမှာ အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်တို့ ကျေးဇူးတင်ပါ၏။ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းပါ၏။
ဆာလံ 145:1 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။ Common Language Bible ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။ Garrad Bible အ ကျွန်ုပ် ၏ ရှင် ဘု ရင်၊ အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ဘု ရင် မင်း မြတ်၊ ဂုဏ် တော် ကို ချီး မြှောက် လျက်၊ ကာ လ အ စဉ် အ ဆက် နာ မ တော် ကို ဩ ဘာ ဆက် ပါ မည်။ Judson Bible အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းချီးပေးပါမည်။ |
ယခုမှာ အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်တို့ ကျေးဇူးတင်ပါ၏။ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
ငါ၏နှုတ်သည် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုမြွက်ဆိုမည်။ သတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြပါစေ။
ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကိုချီးမွမ်းမည်။ ငါရှိနေသေးသရွေ့ ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
အစ္စရေးလူမျိုးသည် မိမိကိုဖန်ဆင်းသောအရှင်၌ ဝမ်းမြောက်ပါစေ။ ဇိအုန်သားသမီးတို့သည် မိမိတို့၏ရှင်ဘုရင်၌ ရွှင်လန်းကြပါစေ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဆွဲတင်တော်မူပြီး အကျွန်ုပ်၏ရန်သူတို့အား အကျွန်ုပ်ကြောင့် ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူသောကြောင့် ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော်ကိုသီဆိုချီးမွမ်းပါမည်။ အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံရာ ကိုယ်တော်သည် အကျွန်ုပ်ကိုကျန်းမာစေတော်မူ၏။
ငါသည် ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြု၏။ ငါ၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို အစဉ်မြွက်ဆိုမည်။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
ငါ့စိတ်နှလုံးသည် ကောင်းမြတ်သောစကားနှင့် ပြည့်လျှံလျက်ရှိ၏။ ရှင်ဘုရင်အတွက် ငါစီကုံးသောအရာများကို ငါရွတ်ဆိုမည်။ ငါ့လျှာသည် ကျွမ်းကျင်သောစာရေးဆရာ၏ ကလောင်တံကဲ့သို့ဖြစ်၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ကာလအစဉ်အဆက်တည်၍ တရားမျှတသောရာဇလှံတံသည် ကိုယ်တော့်နိုင်ငံတော်၏ရာဇလှံတံဖြစ်ပါ၏။
အကျွန်ုပ်၏ရှင်ဘုရင်နှင့်အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ ဆုတောင်းသည်ဖြစ်၍ အကျွန်ုပ်၏အော်ဟစ်သံကို အာရုံစိုက်နားထောင်တော်မူပါ။
အို ထာဝရဘုရား၊ နံနက်အချိန်၌ အကျွန်ုပ်၏အသံကို ကိုယ်တော်ကြားတော်မူပါ၏။ နံနက်အချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် တိုးလျှိုးအသနားခံ၍ စောင့်လျက်နေပါမည်။
အကျွန်ုပ်သည် ကိုယ်တော်ပြုသောအမှုအတွက် ကိုယ်တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။ နာမတော်ကိုလည်း စောင့်မျှော်လျက်နေပါမည်။ အကြောင်းမူကား ထိုအမှုသည် ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့တွင် ကောင်းမြတ်ပေ၏။
ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။ မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။ ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။ ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
ငါမူကား ကိုယ်တော်အကြောင်းကို အစဉ်အမြဲပြောကြား၍ ယာကုပ်၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော ရှင်ဘုရင်ဖြစ်တော်မူ၏။
ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကို တစ်နေ့ပြီးတစ်နေ့ ဟောပြောကြလော့။
အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူမည်။ ငါတို့အသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်တွင် ကြိုးတပ်တူရိယာများကိုတီးခတ်ကြပါမည်ဟု ငါဆို၏”ဟူ၍ ဖြစ်၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။