သူတို့အားလမ်းပြသွန်သင်ပေးရန် ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်ကို ချပေးတော်မူ၏။ ကိုယ်တော်၏မန္နမုန့်ကို သူတို့ပါးစပ်နှင့်မပြတ်စေဘဲ ရေဆာသောအခါတွင်လည်း ရေကိုပေးတော်မူ၏။
ဆာလံ 143:10 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်နိုင်ရန် အကျွန်ုပ်ကိုသင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်သည် အကျွန်ုပ်ကို ညီညာသောမြေပြင်ပေါ်မှာ ပို့ဆောင်တော်မူပါစေသော။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အလိုတော်အတိုင်းဆောင်ရွက်ရန် ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးအားကျေးဇူးပြုတော်မူ၍ ဘေးမဲ့လုံခြုံရာလမ်းကိုညွှန်ပြတော်မူပါ။ Garrad Bible အ ကျွန်ုပ်၏ ဘု ရား ဖြစ် တော် မူ သော ကြောင့်၊ အ လို တော် ကို ဆောင် ရွက် ရ စေ ရန် သွန် သင် တော် မူ ပါ။ ကောင်း မြတ် သော ဝိ ညာဉ် တော် သည်၊ ပြန့် ပျူး သော ပြည်၌ လမ်း ပြ တော် မူ ပါ။ Judson Bible အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကို သွေးဆောင်တော်မူပါစေသော။ |
သူတို့အားလမ်းပြသွန်သင်ပေးရန် ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်ကို ချပေးတော်မူ၏။ ကိုယ်တော်၏မန္နမုန့်ကို သူတို့ပါးစပ်နှင့်မပြတ်စေဘဲ ရေဆာသောအခါတွင်လည်း ရေကိုပေးတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းကို နှစ်သက်သည်ဖြစ်၍ ထိုလမ်း၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြတော်မူပါ။
အကျွန်ုပ်သည် မှားယွင်းသောလမ်းသို့လိုက်သည်၊ မလိုက်သည်ကို ကြည့်ရှု၍ အကျွန်ုပ်ကို ထာဝရလမ်းထဲသို့ ပို့ဆောင်တော်မူပါ။
“ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု ထာဝရဘုရားအား အကျွန်ုပ်လျှောက်ထားပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်အသနားခံသောအသံကို စူးစိုက်နားထောင်တော်မူပါ။
အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
ငါ၏စိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏။ နာမတော်ကိုထောက်၍ ဖြောင့်မတ်ခြင်းလမ်းထဲ၌ ငါ့ကိုပို့ဆောင်တော်မူ၏။
ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့်လမ်းကို သူ့အားသွန်သင်ပြသတော်မူလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကိုညီညာသောလမ်း၌ပို့ဆောင်တော်မူပါ။
သို့သော် အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု အကျွန်ုပ်ဆိုပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်ကိုကြိုးစား၍ရှာပါ၏။ ရေမရှိ၊ ခြောက်သွေ့ကွဲအက်သောမြေ၌ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။ အကျွန်ုပ်၏သွေးသားသည်လည်း ကိုယ်တော်ကိုတမ်းတပါ၏။
အကြောင်းမူကား ထာဝရဘုရားသည် နှစ်ခြိုက်စွာအိပ်မောကျသောဝိညာဉ်ကို သင်တို့အပေါ်သွန်းလောင်းလျက် ပရောဖက်များဖြစ်သော သင်တို့၏မျက်စိကိုပိတ်တော်မူ၍ ဗျာဒိတ်ရသူများဖြစ်သော သင်တို့၏ဦးခေါင်းများကို ဖုံးအုပ်ထားတော်မူပြီ။
ချိုင့်ဝှမ်းထဲသို့ဆင်းလာနားသော တိရစ္ဆာန်ကဲ့သို့ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူတို့ကို အနားယူစေတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် နာမတော်ဘုန်းကြီးစေရန် လူမျိုးတော်ကို ဦးဆောင်တော်မူ၏။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မိုးတိမ်သည် နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ တည်နေသောအခါလည်း ရှိ၏။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ခရီးမပြုဘဲ စခန်းချကြ၏။ မိုးတိမ်ကွာသောအခါမှ ခရီးပြုကြ၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။
သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းနှင့်ကြွယ်ဝမည့်အကြောင်း မျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည် ယုံကြည်ခြင်းမှလာသော ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းအလုံးစုံတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။
ညီအစ်ကိုတို့၊ ငါတို့၏သခင်ယေရှုခရစ်တော်နှင့် ဝိညာဉ်တော်၏ချစ်ခြင်းမေတ္တာအားဖြင့် သင်တို့အား ငါတောင်းပန်လိုသည်မှာ
ထိုမျှော်လင့်ခြင်းသည်လည်း ငါတို့ကိုအရှက်ရစေမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုပေးတော်မူသောသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါတို့၏စိတ်နှလုံးထဲ၌ သွန်းလောင်းခြင်းခံရပြီဖြစ်၏။
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။ သင်တို့သည် ရွေးနုတ်ခြင်းနေ့ရက်အတွက် ထိုဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
အကြောင်းမူကား အလင်း၏အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။
အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ကြောက်တတ်သောဝိညာဉ်ကို ပေးတော်မူသည်မဟုတ်ဘဲ တန်ခိုး၊ ချစ်ခြင်းမေတ္တာ၊ မိမိကိုယ်ကိုချုပ်တည်းခြင်းတို့နှင့်ဆိုင်သောဝိညာဉ်ကို ပေးတော်မူ၏။
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။