Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 119:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​ကို နှစ်သက်​သည်​ဖြစ်၍ ထို​လမ်း​၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​နှစ်​သက်​သည်​ဖြစ်​၍ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 အ ကျွန်ုပ် ကို သ ဘော ကျ သည့် အ လျောက်၊ ပ ညတ် တော် များ လမ်း ၌ လျှောက် သွား စေ တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ပ​ညတ်​တော်​လမ်း​၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။ ထို​လမ်း​ကို​နှစ်​သက်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 119:35
19 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​တရားတော်​၌​မွေ့လျော်​၍ ထို​တရားတော်​ကို နေ့​ည​မပြတ် ဆင်ခြင်အောက်မေ့​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။


ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​၌ မွေ့လျော်​ပါ​မည်​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​လည်း မ​မေ့လျော့​ပါ​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရွေးချယ်​ခဲ့​သည်​ဖြစ်၍ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​ရန် အဆင်သင့်​ဖြစ်​ပါစေသော​။


ကိုယ်တော်​၏​ဥပဒေသ​လမ်း​ကို အကျွန်ုပ်​အား နားလည်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။


အကျွန်ုပ်​၏​စိတ်နှလုံး​ကို မတရား​သော​အကျိုး​စီးပွား​ဘက်​သို့​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​သက်သေခံချက်​များ​ဘက်​သို့ တိမ်းညွတ်​စေ​တော်မူ​ပါ​။


ငါ​၏​စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​တော်မူ​၏​။ နာမ​တော်​ကို​ထောက်၍ ဖြောင့်မတ်​ခြင်း​လမ်း​ထဲ၌ ငါ့​ကို​ပို့ဆောင်​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​တို့​ကို အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။


ဉာဏ်ပညာ​၏​လမ်း​များ​သည် နှစ်လို​ဖွယ်​သော​လမ်း​များ​ဖြစ်​ကြ​ပြီး ၎င်း​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ငြိမ်းချမ်း​ကြ​၏​။


ငါ​သည် သင့်​အား ဉာဏ်ပညာ​လမ်း​ကို သွန်သင်ပြသ​၍ ဖြောင့်မှန်​သော​လမ်း​များ​ထဲ၌ သင့်​ကို​ဦးဆောင်​လမ်းပြ​ခဲ့​ပြီ​။


သို့သော် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​သည် မိုး​စင်စင်လင်း​သည့်​တိုင်အောင် ပို၍ပို၍​ထွန်းလင်း​လာ​သည့် အရုဏ်ဦး​၏​အလင်းရောင်​ကဲ့သို့​ဖြစ်​၏​။


ငါ​သည် ဖြောင့်မတ်​ခြင်း​လမ်း​၊ တရားမျှတ​ခြင်း​လမ်း​၏​အလယ်​၌ လျှောက်သွား​၍


လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။


အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​ထာဝရဘုရား​က “​ငါ​သည် သင့်​အကျိုး​အတွက် သွန်သင်​ပေး​သော​အရှင်​၊ သင်​သွား​သော​လမ်း​တွင် သင့်​ကို​ပို့ဆောင်​ပေး​သော​အရှင်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


တစ်နည်းဆိုသော် ငါ​သည် အတွင်း​ဝိညာဉ်​လူ​အားဖြင့် ဘုရားသခင်​၏​တရား​တော်​၌ နှစ်သက်​ဝမ်းမြောက်​လျက်​ရှိ​သော်လည်း


အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


ရှေ့​တော်​၌​နှစ်သက်​ဖွယ်​သော​အမှု​ကို ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​တွင်​ပြု​တော်မူ​၍ ကိုယ်တော်​၏​အလို​တော်​ကို သင်​တို့​ဆောင်ရွက်​နိုင်​ရန် ကောင်း​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ဘုရားသခင်​ကို​ချစ်​ခြင်း​ဆိုသည်မှာ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို စောင့်ထိန်း​ခြင်း​ပင်​ဖြစ်​၏။ ဘုရားသခင်​၏​ပညတ်​တော်​တို့​သည်​လည်း စောင့်ထိန်း​ရန်​ခဲယဉ်း​သည်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ