ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
ဆာလံ 142:4 - မြန်မာ့စံမီသမ္မာကျမ်း လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။ Common Language Bible ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။ Garrad Bible ညာ ဘက် သို့ ရှု ကြည့် တော် မူ၍၊ အ ကျွမ်း ဝင် သူ မ ရှိ၊ ခို လှုံ ရာ မဲ့ လျက်၊ အ သက် ကို ကြောင့် ကြ သူ မ ရှိ ကြောင်း၊ သိ မြင် တော် မူ ပါ။ Judson Bible လက်ယာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူ မရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူ မရှိပါ။ |
ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။
“ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု ထာဝရဘုရားအား အကျွန်ုပ်လျှောက်ထားပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်အသနားခံသောအသံကို စူးစိုက်နားထောင်တော်မူပါ။
အကျွန်ုပ်အတွက် သူတို့ထောင်ထားသော ကျော့ကွင်းမှလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူတို့၏ ထောင်ချောက်မှလည်းကောင်း အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။
သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ ညှိုးငယ်လျက်ရှိပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အထဲ၌ တုန်လှုပ်ချောက်ချားလျက်ရှိပါ၏။
အကျွန်ုပ်ကိုရန်ဖက်ပြုသောသူအပေါင်းတို့ကြောင့် အကျွန်ုပ်သည် အထူးသဖြင့် အကျွန်ုပ်၏အိမ်နီးချင်းများအတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်၍ အကျွန်ုပ်၏အသိမိတ်ဆွေများအတွက်လည်း ကြောက်ရွံ့စရာဖြစ်ပါပြီ။ လမ်း၌ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် အကျွန်ုပ်ထံမှထွက်ပြေးကြပါ၏။
ကဲ့ရဲ့ပြစ်တင်ခြင်းသည် အကျွန်ုပ်၏စိတ်နှလုံးကိုကျိုးပဲ့စေ၍ အကျွန်ုပ်သည် အလွန်စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အကျွန်ုပ်သည် စာနာထောက်ထားမည့်သူကို စောင့်မျှော်သော်လည်း မရှိခဲ့ပါ။ နှစ်သိမ့်ပေးမည့်သူများကိုရှာသော်လည်း မတွေ့ခဲ့ပါ။
ချစ်သောသူနှင့်မိတ်ဆွေကို ကိုယ်တော်သည် အကျွန်ုပ်နှင့်ဝေးကွာစေတော်မူ၏။ အကျွန်ုပ်သည် မှောင်မိုက်နှင့်သာ မိတ်ဖွဲ့ရပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏အသိမိတ်ဆွေများကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါပြီ။ အကျွန်ုပ်ကို သူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ အကျွန်ုပ်သည် ပိတ်မိနေသဖြင့် မထွက်နိုင်ပါ။
ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။
သိုးထိန်းတို့ ထွက်ပြေးစရာလမ်းမရှိ။ သိုးစုခေါင်းဆောင်တို့ လွတ်မြောက်ရာလမ်းမရှိ။
ထာဝရဘုရားက “ထိုသူတို့သည် သင့်ကို ‘အပယ်ခံရသောသူ၊ မည်သူမျှဂရုမစိုက်သောဇိအုန်မြို့’ဟု ခေါ်ကြသောကြောင့် ငါသည် သင့်ကို ပြန်လည်ကျန်းမာစေမည်။ သင့်အနာကို ကုသပေးမည်”ဟု မိန့်တော်မူ၏။
အချည်းနှီးသောရုပ်တုများထံ ဆည်းကပ်သောသူတို့သည် ကရုဏာတော်ကို စွန့်ပယ်သောသူများ ဖြစ်ကြပါ၏။
သို့သော် ဤအမှုအရာအားလုံးဖြစ်ပျက်ရခြင်းမှာ ပရောဖက်ကျမ်းများပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်