သူတစ်ပါးကိုအသရေပျက်အောင် ပြောဆိုသောသူတို့သည် မြေကြီးပေါ်၌ တည်မြဲခြင်းမရှိကြပါစေနှင့်။ ဘေးအန္တရာယ်သည် ရက်စက်ကြမ်းကြုတ်သောသူကို လိုက်၍ နှိမ်နင်းဖျက်ဆီးပါစေသော။
ဆာလံ 140:1 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ဆိုးညစ်သောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကို ကာကွယ်တော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို လူ ဆိုး လက် မှ ကယ် လွှတ် လျက်၊ လူ ကြမ်း လက် မှ စောင့် ထိန်း တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ ကြမ်းတမ်းသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ |
သူတစ်ပါးကိုအသရေပျက်အောင် ပြောဆိုသောသူတို့သည် မြေကြီးပေါ်၌ တည်မြဲခြင်းမရှိကြပါစေနှင့်။ ဘေးအန္တရာယ်သည် ရက်စက်ကြမ်းကြုတ်သောသူကို လိုက်၍ နှိမ်နင်းဖျက်ဆီးပါစေသော။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကျွန်ုပ်ကိုခြေထိုးရန်ကြံစည်သည့် ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကိုကာကွယ်တော်မူပါ။
အို ထာဝရဘုရား၊ ထတော်မူပါ။ သူ့ကိုထိပ်တိုက်ရင်ဆိုင်၍ ညွတ်တွားစေတော်မူပါ။ ကိုယ်တော်၏ဓားဖြင့် ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်၏အသက်ကို ကယ်တင်တော်မူပါ။
ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သော သူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းစီရင်တော်မူပါ။ ဘုရားတရားမဲ့သောလူမျိုးကိုဆန့်ကျင်လျက် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူပါ။ လိမ်လည်လှည့်ဖြား၍ မတရားမှုပြုသောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
အို အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏လက်မှလည်းကောင်း၊ မတရားသောသူနှင့်ကြမ်းကြုတ်သောသူ၏လက်ထဲမှလည်းကောင်း အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။