စောင်းတီး၍ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကိုသီဆိုချီးမွမ်းကြလော့။
ဆာလံ 137:2 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏စောင်းများကို မိုးမခပင်များပေါ်၌ ချိတ်ထားကြ၏။ Common Language Bible အနီးအနားရှိမိုးမခပင်များတွင်ငါတို့၏ စောင်းများကိုချိတ်ဆွဲထားကြ၏။ Garrad Bible စောင်း များ ကို မိုး မ ခ ပင် များ၌၊ ချိတ် ထား ကြ ရ လေ စွ။ Judson Bible ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုးမခပင်တို့၌ ဆွဲထားကြ၏။ |
စောင်းတီး၍ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကိုသီဆိုချီးမွမ်းကြလော့။
တေးသီချင်းကိုသီဆို၍ ပတ်သာ၊ အသံသာယာသောစောင်းကောက်နှင့် စောင်းပြားတို့ကို တီးခတ်ကြလော့။
ပတ်သာ၏သာယာသံသည် ငြိမ်းလေပြီ။ သောက်စားပျော်ပါးသောသူတို့၏အသံသည် ရပ်တန့်လေပြီ။ စောင်း၏သာယာသံသည် ငြိမ်းလေပြီ။
‘ငါသည် သီချင်းသံကို ဆိတ်သုဉ်းစေမည်။ စောင်းသံကိုလည်း သင်ကြားရတော့မည်မဟုတ်။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏တီးမှုတ်သံကို သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အမျိုးမျိုးသောလက်မှုပညာတတ်ကျွမ်းသော မည်သည့်လက်မှုပညာသည်ကိုမျှ သင့်အထဲ၌ လုံးဝတွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။