ဆာလံ 81:2 - မြန်မာ့စံမီသမ္မာကျမ်း2 တေးသီချင်းကိုသီဆို၍ ပတ်သာ၊ အသံသာယာသောစောင်းကောက်နှင့် စောင်းပြားတို့ကို တီးခတ်ကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible2 သီဆိုတီးမှုတ်မှုကိုအစပြုကြလော့။ စောင်း ကြီး စောင်းငယ်တို့ကိုသာယာစွာတီးကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible2 ဆာ လံ သီ ချင်း ကို ချီး ကျူး ၍၊ ပတ် သာ မှ စ သော သာ ယာ စွာ စောင်း နှင့် တ ယော ထိုး ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible2 တူရိယာမျိုးကို ဆောင်ကြ။ ပတ်သာကိုလည်းကောင်း၊ သာယာသောစောင်းနှင့် တယောကိုလည်းကောင်း ယူခဲ့ကြ။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။