Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 24:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ပတ်သာ​၏​သာယာသံ​သည် ငြိမ်း​လေ​ပြီ​။ သောက်စားပျော်ပါး​သော​သူ​တို့​၏​အသံ​သည် ရပ်တန့်​လေ​ပြီ​။ စောင်း​၏​သာယာသံ​သည် ငြိမ်း​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သူ​တို့​၏​စောင်း​များ၊ ပတ်​သာ​များ​မှ​ရွှင်​ပျ ချို​သာ​သော​သီ​ချင်း​သံ​သည်​လည်း ဆိတ် သုဉ်း​သွား​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 စောင်း ပတ် သာ တီး ခြင်း ဆိုင် ရာ အား ရ ဝမ်း မြောက် သံ တိတ် ဆိတ် လျက်၊ ရွှင် လန်း သံ ငြိမ်း ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သာ​ယာ​သော​ပတ်​သာ​အ​သံ ငြိမ်း​ပြီ။ ဝမ်း​မြောက်​သော​သူ၏ အ​သံ​မ​ရှိ။ သာ​ယာ​သော​စောင်း​သံ​လည်း ငြိမ်း​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 24:8
16 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ ထို​ည​သည် မြုံ​ပါစေ​။ ရွှင်လန်း​ခြင်း​အသံ​မျှ မ​ရှိ​ပါစေ​နှင့်​။


ငါ့​စောင်း​သည် မြည်တမ်းသီချင်း​သီဆို​ရန်​၊ ငါ့​ပလွေ​သည်​လည်း ငိုကြွေးသီချင်း​သီဆို​ရန် ဖြစ်သွား​ရ​ပြီ​။


ငါ​တို့​၏​စောင်း​များ​ကို မိုးမခပင်​များ​ပေါ်၌ ချိတ်​ထား​ကြ​၏​။


သီးနှံ​ဖြစ်ထွန်း​သော​မြေ​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်ခြံ​၌ ရွှင်လန်း​စွာ​သီချင်းဆို​ခြင်း​မ​ရှိ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​ခြင်း​လည်း​မ​ရှိ​။ စပျစ်သီးနယ်ရာကျင်း​၌ စပျစ်သီး​နင်းနယ်​သော​သူ​မ​ရှိ​။ ကြွေးကြော်​သံ​ကို ငါ​ရပ်စဲ​စေ​ပြီ​။


သူ​တို့​၏​စားသောက်ပွဲ​များ​၌ စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စပျစ်ဝိုင်​တို့​ပါရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​သော​အမှု​ကို အလေး​မ​ထား​ကြ​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​လုပ်​သော​အရာ​ကို​လည်း မ​မြင်​ကြ​။


မရဏာနိုင်ငံ​သည် အလိုရမ္မက်​ကြီးစွာ​ဖြင့် မိမိ​ပါးစပ်​ကို​အတိုင်းအဆ​မ​ရှိ ကျယ်​စွာ​ဖွင့်​လျက်​ရှိ​၍ ဇိအုန်​မြို့​ဂုဏ်သရေရှိသူ​များ​၊ ဆူညံ​နေ​သော​လူအုပ်ကြီး​၊ သောက်စားပျော်ပါး​နေ​သူ​များ​သည် မရဏာနိုင်ငံ​သို့ ဆင်းသွား​ကြ​ရ​လိမ့်မည်​။


အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဤ​အရပ်​၌ ရွှင်မြူး​သော​အသံ​၊ ဝမ်းမြောက်​သော​အသံ​၊ သတို့သား​၊ သတို့သမီး​အသံ​တို့​ကို သင်​တို့​ရှေ့မှောက်​၊ သင်​တို့​လက်ထက်​၌ပင် ငါ​ရပ်စဲ​စေ​မည်​။


ထာဝရဘုရား​က ‘ဝမ်းမြောက်​ရွှင်မြူး​သော​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ကြိတ်ဆုံကြိတ်သံ​၊ မီးခွက်​အလင်း​တို့​ကို​ပါ ချုပ်ငြိမ်း​စေ​မည်​။


ငါ​သည် ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်မှ ရွှင်မြူး​ခြင်း​အသံ​၊ ဝမ်းမြောက်​ခြင်း​အသံ​၊ သတို့သား​အသံ​၊ သတို့သမီး​အသံ​တို့​ကို ရပ်စဲ​စေ​မည်​။ သို့ဖြစ်၍ ထို​ပြည်​သည်​လည်း ဆိတ်ညံ​ရာ​အရပ်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


မြို့​တံခါး​တို့​၌ သက်ကြီးဝါကြီး​တို့ မ​ရှိ​ကြ​တော့​ပြီ​။ လူပျို​တို့​၏​တီးမှုတ်သံ​လည်း ဆိတ်သုဉ်း​သွား​ပြီ​။


‘ငါ​သည် သီချင်း​သံ​ကို ဆိတ်သုဉ်း​စေ​မည်​။ စောင်း​သံ​ကို​လည်း သင်​ကြား​ရ​တော့​မည်​မ​ဟုတ်​။


ဘုရားသခင်​၏​ဥယျာဉ်​တော်​ဧဒင်​ထဲတွင် သင်​နေ​ရ​၏​။ သင့်​ကို ပတ္တမြား​၊ ဥဿဖရား​၊ စိန်​၊ ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့​၊ နီလာ​၊ မြ​၊ ဂေါ်မုတ်နီ စသော အဖိုးတန်​ကျောက်မျက်​အမျိုးမျိုး​တို့​ဖြင့် ဆင်ယင်​ထား​၏​။ သင်​၏​ပတ်သာ​နှင့် ပလွေ​ကို ရွှေ​ဖြင့်​လုပ်​ထား​၏​။ သင့်​ကို ဖန်ဆင်း​ခဲ့​သော​နေ့​တွင် ထိုသို့ ငါ​ပြင်ဆင်​ခဲ့​ပြီ​။


သတ်မှတ်​ထား​သည့်​ပွဲတော်​များ​ဖြစ်​သော လဆန်း​နေ့​ပွဲတော်​၊ ဥပုသ်နေ့​ပွဲတော်​၊ သူ​ကျင်းပ​သော​ပွဲ​အားလုံး​ကို​လည်း အဆုံးသတ်​ပစ်​မည်​။


ထို့ကြောင့် ယခု သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​တွင် ထိပ်ဆုံး​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​ပျော်ပါး​ခဲ့​သော​ပွဲ​များ​သည်​လည်း အဆုံးသတ်​ရ​လိမ့်မည်​။


စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမား​တို့​၏​တီးမှုတ်​သံ​ကို သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။ အမျိုးမျိုး​သော​လက်မှု​ပညာ​တတ်ကျွမ်း​သော မည်သည့်​လက်မှု​ပညာသည်​ကို​မျှ သင့်​အထဲ၌ လုံးဝ​တွေ့​ရ​တော့မည်​မ​ဟုတ်။ ကြိတ်ဆုံ​သံ​ကို​လည်း သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ