သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ဆာလံ 135:13 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် အစဉ်အမြဲတည်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားဖြစ်တော်မူကြောင်းကို လူတို့သည်အခါခပ်သိမ်းကြားသိကြပါ လိမ့်မည်။ ကိုယ်တော်၏နာမတော်သည်ကာလအစဉ် အဆက် ကျော်ကြားပါလိမ့်မည်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ နာ မ တော် သည် ကာ လ အ စဉ်၊ အို ထာ ဝ ရ ဘု ရား၊ ဘွဲ့ တော် သည် လူ မျိုး အ ဆက် ဆက် တည် မြဲ ပါ ၏။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်၏အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။ |
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ကိုယ်တော်သည် ထ၍ ဇိအုန်ကို သနားစုံမက်တော်မူလိမ့်မည်။ အကြောင်းမူကား ဇိအုန်ကိုသနားရမည့်အချိန်ဖြစ်၏။ သတ်မှတ်ထားသောအချိန်သည်လည်း ရောက်လာပြီဖြစ်၏။
တိုင်းနိုင်ငံတို့နှင့်လူမျိုးတကာတို့သည် ထာဝရဘုရားကိုဝတ်ပြုရန် အတူတကွစုဝေးကြသောအခါ ထာဝရဘုရား၏နာမတော်ကို ဇိအုန်တောင်၌လည်းကောင်း၊ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ဂျေရုဆလင်မြို့၌လည်းကောင်း ပြောကြားကြရန်အတွက်ဖြစ်၏။
သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
အကျွန်ုပ်တို့၏အရှင် ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာမြေတစ်ခွင်လုံး၌ ကြီးမြတ်လှပါ၏။ ကိုယ်တော်သည် မိမိ၏ဘုန်းကျက်သရေကို ကောင်းကင်ပေါ်မှာ တည်စေတော်မူ၏။
အကျွန်ုပ်တို့၏အရှင် ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာမြေတစ်ခွင်လုံး၌ ကြီးမြတ်လှပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို အစဉ်အမြဲသီကျူးပါမည်။ အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏သစ္စာတော်ကို မျိုးဆက်အစဉ်အဆက်အား သိစေပါမည်။
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
ထာဝရဘုရားသည် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ဖြစ်တော်မူ၏။ နာမတော်သည် ထာဝရဘုရား ဖြစ်၏။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
ထို့ကြောင့် ဤသို့ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော။