သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
ဆာလံ 132:11 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ “ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။ Common Language Bible ကိုယ်တော်ရှင်က``ငါသည်သင်၏သားတစ်ဦးဦးကို ဘုရင်အရာ၌ခန့်ထားမည်။ သူသည်သင်၏အရိုက်အရာကိုဆက်ခံရလိမ့်မည်။ အကယ်၍သင်၏သားတို့သည်ငါ၏ပဋိညာဉ်တော်ကို စောင့်ထိန်း၍ငါပေးသည့်သြဝါဒများကို လိုက်နာကျင့်သုံးကြပါမူ၊ သူ၏သားတို့သည်လည်းသင်၏အရိုက်အရာကို ဆက်ခံကာဘုရင်များအဖြစ်ဖြင့် အစဉ်အမြဲအုပ်စိုးရကြလိမ့်မည်'' ဟု ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်အားကျိန်ဆို ကတိပြုတော်မူခဲ့ပါ၏။ ကိုယ်တော်ရှင်သည်ယင်းကတိတော်ကိုပြန်လည် ရုပ်သိမ်းတော်မူမည်မဟုတ်ပါ။ Garrad Bible ထာ ဝ ရ ဘု ရား သည်၊ ဒါ ဝိဒ် မင်း အား ပြောင်း လဲ ခြင်း ကင်း၍၊ သ စ္စာ ဆို တော် မူ သည် မှာ၊ သင့် ကိုယ် မှ အ ဆက် အ နွယ် ကို၊ သင့် ရာဇ ပ လ္လင် ပေါ် မှာ ငါ တင် မည်။ Judson Bible ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆိုခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။ |
သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
‘အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပါ၏။ ယနေ့ အကျွန်ုပ်၏ရာဇပလ္လင်တွင် စံမြန်းရမည့်သူကို ပေးသနားတော်မူ၍ အကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ရလေပြီ’ဟူ၍ မြွက်ဆိုခဲ့ပါ၏”ဟု ပြန်ပြောလေ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ရှေ့မှောက်၌ တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။
‘အစ္စရေးလူမျိုးကိုအုပ်ချုပ်သောသင့်မျိုးဆက် မပြတ်ရ’ဟု သင့်ခမည်းတော်ဒါဝိဒ်မင်းကြီးနှင့် ပဋိညာဉ်ဖွဲ့ခဲ့သည့်အတိုင်း သင့်နိုင်ငံ၏ရာဇပလ္လင်ကို တည်မြဲစေမည်။
ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
သို့သော် ငါ၏မေတ္တာကရုဏာကို သူ့ထံမှဖယ်ရှားမည်မဟုတ်။ ငါ၏သစ္စာကိုလည်း ဖောက်ဖျက်မည်မဟုတ်။
ငါသည် ဒါဝိဒ်ကို လိမ်လည်မည်မဟုတ်ဟု ငါ၏သန့်ရှင်းခြင်းကိုတိုင်တည်၍ တစ်ကြိမ်နှင့်အပြီးကျိန်ဆိုပြီ။
၎င်းသည် လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်ရှိ သစ္စာရှိသောသက်သေကဲ့သို့လည်းကောင်း အစဉ်တည်မြဲလိမ့်မည်”ဟူ၍ဖြစ်၏။(စေလာ)
အို ထာဝရဘုရား၊ ကောင်းကင်သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏သစ္စာတော်ကိုလည်း သန့်ရှင်းသောသူတို့၏အစုအဝေးထဲတွင် ချီးမွမ်းပါ၏။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
သူသည် ကြီးမြတ်သောသူဖြစ်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟူ၍လည်း ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အား သူ့အဖဒါဝိဒ်၏ရာဇပလ္လင်ကိုပေးတော်မူ၍
သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေးထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
အစ္စရေးလူမျိုးတို့၏ဘုန်းပိုင်ရှင်သည် မုသားမမြွက်ဆို၊ စိတ်တော်လည်း ပြောင်းလဲမည်မဟုတ်။ စိတ်တော်ပြောင်းလဲရအောင် လူဖြစ်သည်မဟုတ်”ဟု သူ့အား ဆို၏။