ထိုအကြောင်းကို ရန်သူတို့ကြား၍ ငါတို့ဝန်းကျင်ရှိလူမျိုးခြားတို့ မြင်သောအခါ အလွန်အမင်းမျက်စိမျက်နှာပျက်လေ၏။ အကြောင်းမှာ ဤအမှုကို ငါတို့ဘုရားသခင် ပြုတော်မူကြောင်း သူတို့ ကောင်းကောင်းသိမြင်ကြ၏။
ဆာလံ 129:5 - မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်ကိုမုန်းသောသူရှိသမျှတို့သည် အရှက်ကွဲလျက် နောက်သို့ပြန်ဆုတ်ကြရပါစေ။ Common Language Bible ဇိအုန်မြို့ကိုမုန်းသောသူအပေါင်းတို့သည် အရေးရှုံးနိမ့်လျက်တပ်လန်ကြပါစေသော။ Garrad Bible ဇိ အုန် မြို့ ကို မုန်း ထား သူ အ ပေါင်း တို့ သည်၊ အ ရှက် ကွဲ၍ လန် ကြ ပါ စေ သော။ Judson Bible ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။ |
ထိုအကြောင်းကို ရန်သူတို့ကြား၍ ငါတို့ဝန်းကျင်ရှိလူမျိုးခြားတို့ မြင်သောအခါ အလွန်အမင်းမျက်စိမျက်နှာပျက်လေ၏။ အကြောင်းမှာ ဤအမှုကို ငါတို့ဘုရားသခင် ပြုတော်မူကြောင်း သူတို့ ကောင်းကောင်းသိမြင်ကြ၏။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
ဂျူးလူမျိုးတို့သည် သူတို့၏ရန်သူအားလုံးကိုဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးပစ်၏။ သူတို့ကိုမုန်းသောသူတို့အား စိတ်တိုင်းကျပြုကြ၏။
“သင့်ကိုမြတ်နိုးသောသူတို့သည် ကောင်းစားကြပါစေသော။ သင်၏တံတိုင်းအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော။ သင်၏ခံတပ်များအတွင်း၌ လုံခြုံစိတ်ချမှုရှိပါစေသော”ဟု ဂျေရုဆလင်မြို့၏ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းကြလော့။
အကျွန်ုပ်ကို “ဟားဟား”ဟု ရယ်မောပြောဆိုသောသူတို့သည် မိမိတို့ခံရသောအရှက်ကွဲခြင်းကြောင့် တုန်လှုပ်ချောက်ချားကြပါစေသော။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။
ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။
ဆာလောင်မွတ်သိပ်သောသူသည် အိပ်မက်ထဲ၌ စားရသည်ဟုမက်သော်လည်း နိုးလာသောအခါ ဆာလောင်လျက်ပင်ရှိသကဲ့သို့၊ ရေငတ်သောသူသည် အိပ်မက်ထဲ၌ ရေသောက်ရသည်ဟုမက်သော်လည်း နိုးလာသောအခါ မောပန်း၍ရေဆာလျက်ပင်ရှိသကဲ့သို့ ဇိအုန်တောင်ကိုတိုက်ခိုက်လာကြသော တိုင်းနိုင်ငံအသီးသီးမှလူအလုံးအရင်းတို့သည် ဖြစ်လိမ့်မည်။
ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်အတွက် ဤမြို့ကို ကာကွယ်မည်။ ဤမြို့ကိုကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
ယခုမူ “ဇိအုန်မြို့၊ အသရေပျက်ပါစေ။ သူ့ကို ငါတို့ ဝမ်းသာအားရကြည့်ရပါစေ”ဟု ဆိုသောလူမျိုးများစွာတို့သည် သင့်ကို ဆန့်ကျင်စုရုံးကြ၏။
ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ငါသည် ယုဒသူကြီးတို့ကို ထင်းမီးဖို၊ ကောက်လှိုင်းမီးတုတ် ဖြစ်စေသဖြင့် လက်ယာဘက်၊ လက်ဝဲဘက် ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ကို လောင်ကျွမ်းလိမ့်မည်။ ဂျေရုဆလင်မြို့မူကား ယခင်နေရာဖြစ်သည့် ဂျေရုဆလင်မြို့၌ တည်ရှိလိမ့်မည်။
မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်ခြင်းကိုခံပါစေ။ သခင်ဘုရား၊ ကြွလာတော်မူပါ။