ဆာလံ 129:4 - မြန်မာ့စံမီသမ္မာကျမ်း4 သို့သော် ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် ဆိုးယုတ်သောသူတို့၏ကြိုးများကို အပိုင်းပိုင်းဖြတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 သို့ရာတွင်ဖြောင့်မတ်တော်မူသောအရှင် ထာဝရဘုရားသည်ငါ့ကိုကျွန်ဘဝမှ လွတ်မြောက်စေတော်မူလေပြီ'' အခန်းကိုကြည့်ပါ။Garrad Bible4 ဖြောင့် မတ် တော် မူ သော ထာ ဝ ရ ဘုရား သည်၊ လူ ဆိုး တို့၏ နှောင် ကြိုး များ ကို ဖြတ် တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible4 ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသောသူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောအရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်တို့သည် ယနေ့ လွတ်မြောက်၍ ကြွင်းကျန်သောသူများ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အပြစ်ရှိလျက်ပင် ကိုယ်တော့်ရှေ့တွင် ရပ်နေခွင့်ရပါပြီ။ သို့သော် ကိုယ့်အပြစ်ကြောင့် ရှေ့တော်တွင် ရပ်နေနိုင်သူ တစ်ဦးမျှမရှိပါ”ဟု တောင်းလျှောက်လေ၏။