ယောသပ်သည် အသီးဖြစ်ထွန်းသောစပျစ်ပင်၊ စမ်းရေနားရှိ အသီးဖြစ်ထွန်းသောစပျစ်ပင်ဖြစ်၏။ သူ၏အကိုင်းတို့သည် တံတိုင်းကိုကျော်၏။
ဆာလံ 128:3 - မြန်မာ့စံမီသမ္မာကျမ်း သင့်အိမ်တွင် သင်၏မယားသည် အသီးများစွာသီးသောစပျစ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည်လည်း သံလွင်ပျိုးပင်များကဲ့သို့ သင့်စားပွဲပတ်လည်၌ရှိနေလိမ့်မည်။ Common Language Bible အိမ်တွင်း၌သင်၏ဇနီးသည်အသီးနှင့်ပြည့်သော စပျစ်ပင်ကဲ့သို့လည်းကောင်း၊ စားပွဲပတ်လည်ရှိသင်၏သားများသည်လည်း စိုက်ပျိုးထားသောသံလွင်ပင်ပျိုများ ကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။ Garrad Bible အိမ့် အ တွင်း တွင်၊ မ ယား သည် အ သီး သီး သော စ ပျစ် ပင် ကဲ့ သို့ လည်း ကောင်း၊ စား ပွဲ ပတ် လည် တွင်၊ သား သ မီး တို့ သည် သံ လွင် အနွယ် များ ကဲ့ သို့လည်း ကောင်း၊ ဖြစ် ကြ ပါ စေ သော။ Judson Bible သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသောသံလွင်ပင်များကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ |
ယောသပ်သည် အသီးဖြစ်ထွန်းသောစပျစ်ပင်၊ စမ်းရေနားရှိ အသီးဖြစ်ထွန်းသောစပျစ်ပင်ဖြစ်၏။ သူ၏အကိုင်းတို့သည် တံတိုင်းကိုကျော်၏။
ဥလံ၏သားများသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ လေးသည်တော်များ ဖြစ်ကြပြီး သားမြေးများ၍ ပေါင်းတစ်ရာ့ငါးဆယ် ရှိ၏။ ဤသူအားလုံးတို့သည် ဗင်္ယာမိန်၏သားမြေးများ ဖြစ်ကြ၏။
သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။ ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
မိမိ၏မြားကျည်တောက်ကို ထိုမြားတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ သူသည် တံခါးဝ၌ ရန်သူများနှင့်ရင်ဆိုင်ပြောဆိုသောအခါ အရှက်ကွဲရလိမ့်မည်မဟုတ်။
အကျွန်ုပ်တို့၏သားများသည် သူတို့ပျိုရွယ်ချိန်တွင် ကြီးထွားတတ်သောပျိုးပင်များကဲ့သို့ ဖြစ်ကြပါစေသော။ အကျွန်ုပ်တို့၏သမီးများသည် နန်းတော်အတွက် ထွင်းထုထားသော ထောင့်ကျောက်တိုင်ကဲ့သို့ ဖြစ်ကြပါစေသော။
သို့သော် ငါသည် ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်၏။ ငါသည် ဘုရားသခင်၏မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ယုံကြည်ကိုးစား၏။
ထာဝရဘုရားက သင့်အား စိမ်းလန်းလှပ၍ အသီးကောင်းသောသံလွင်ပင်ဟု နာမည်မှည့်ခေါ်ခဲ့၏။ သို့သော် ကြီးမားသောမြည်ဟိန်းသံဖြင့် မီးရှို့ပစ်၍ အကိုင်းအခက်တို့သည်လည်း လောင်ကျွမ်းသွားလိမ့်မည်။
သင့်မိခင်သည် သင်နှင့်သွေးသားတူ၍ စပျစ်ပင်ကဲ့သို့ဖြစ်၏။ ရေစပ်၌စိုက်ထားသည်ဖြစ်၍ ရေဝသောကြောင့် အသီးများ၊ အကိုင်းအခက်များဖြင့် ဝေဆာ၏။
အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။