ကမ္ဘာဦး 49:22 - မြန်မာ့စံမီသမ္မာကျမ်း22 ယောသပ်သည် အသီးဖြစ်ထွန်းသောစပျစ်ပင်၊ စမ်းရေနားရှိ အသီးဖြစ်ထွန်းသောစပျစ်ပင်ဖြစ်၏။ သူ၏အကိုင်းတို့သည် တံတိုင်းကိုကျော်၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ယောသပ်သည်စမ်းရေပေါက်နားမှာ ကျက်စားသောမြည်းရိုင်း တောင်စောင်းပေါ်တွင်ကျက်စားသော မြည်းရိုင်းကလေးနှင့်တူ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 ယော သပ် သည် သီး တတ် သော ပျိုး ကိုင်း၊ စမ်း ရေ တွင်း အ နီး ပေါက်၍ သီး တတ် သော ပျိုး ကိုင်း သ ဖွယ် ဖြစ် သ ဖြင့် အ ခက် အ လက် များ သည် ခြံ စည်း ရိုး ပေါ် တွင် လွှမ်း လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 ယောသပ်သည်သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သောပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာကျော်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။