ကိုယ်တော်၏မြားတို့သည် ချွန်ထက်၍ ရှင်ဘုရင်၏ရန်သူတို့နှလုံးသားထဲသို့စူးဝင်ကြ၏။ လူမျိုးတကာတို့သည် ခြေတော်အောက်၌လဲကြပါ၏။
ဆာလံ 120:4 - မြန်မာ့စံမီသမ္မာကျမ်း စစ်သူရဲ၏ချွန်ထက်သောမြားနှင့် ရှားမီးခဲတို့ဖြင့်ဖြစ်၏။ Common Language Bible စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။ Judson Bible အားကြီးသောသူ၏ ထက်သောမြားကဲ့သို့လည်းကောင်း၊ ရသမ်သစ်သား မီးခဲကဲ့သို့လည်းကောင်း ဖြစ်၏။ |
ကိုယ်တော်၏မြားတို့သည် ချွန်ထက်၍ ရှင်ဘုရင်၏ရန်သူတို့နှလုံးသားထဲသို့စူးဝင်ကြ၏။ လူမျိုးတကာတို့သည် ခြေတော်အောက်၌လဲကြပါ၏။
အကယ်စင်စစ် ဘုရားသခင်သည် သင့်ကိုထာဝရဖြိုဖျက်တော်မူလိမ့်မည်။ ကိုယ်တော်သည် သင့်ကိုဖမ်းဆုပ်၍ တဲထဲမှဆွဲထုတ်တော်မူလိမ့်မည်။ အသက်ရှင်သောသူတို့နေထိုင်ရာမြေပေါ်မှလည်း သင့်ကိုနုတ်ပယ်တော်မူလိမ့်မည်။(စေလာ)
ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။
သူတို့သည် မိမိတို့ပါးစပ်ဖြင့် မြွက်ဟကြပါ၏။ သူတို့၏နှုတ်ခမ်း၌ ဓားများရှိပါ၏။ သူတို့က “မည်သူကြားသနည်း”ဟု ဆိုကြပါ၏။
သေစေတတ်သောလက်နက်တို့ကိုလည်း ထိုသူအတွက်ပြင်ဆင်၍ မီးမြားတို့ကို ပြင်ဆင်ထားတော်မူမည်။
အသိစိတ်မရှိသောသူသည် မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား တိတ်ဆိတ်စွာနေတတ်၏။
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
ဘုရားတရားမဲ့သောသူသည် နှုတ်ဖြင့် မိမိ၏အိမ်နီးချင်းကို ဖျက်ဆီးတတ်၏။ ဖြောင့်မတ်သောသူတို့မူကား အသိပညာအားဖြင့် လွတ်မြောက်ခြင်းသို့ရောက်ကြလိမ့်မည်။
မုသားနှုတ်ခမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သစ္စာရှိစွာပြုကျင့်သောသူတို့ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ဆိုးညစ်သောသူသည် မကောင်းမှုကိုတူးဆွတတ်၏။ သူ၏စကားသည်လည်း တောက်လောင်နေသော မီးကဲ့သို့ဖြစ်၏။
သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍ လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။
အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍ အတွင်းအကျဆုံးနေရာများသို့ဆင်းသွားတတ်၏။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း လွတ်မြောက်လိမ့်မည်မဟုတ်။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း ပျက်စီးရလိမ့်မည်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကိုသန့်အောင်စစ်ထုတ်မည်၊ စစ်ဆေးမည်။ ငါ့လူမျိုးသမီးပျိုအတွက် ငါမည်သို့ပြုနိုင်ဦးမည်နည်း။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။