ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ အထက်၌လည်းကောင်း၊ ကိုယ်တော်၏ဘုန်းအသရေသည် ကောင်းကင်အထက်၌လည်းကောင်း ချီးမြှောက်ခြင်းရှိ၏။
ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။
ထာ ဝ ရ ဘု ရား သည် လူ မျိုး အ ပေါင်း တို့ ထက် လည်း ကောင်း၊ ဘုန်း တော် သည် မိုး ကောင်း ကင် ထက် လည်း ကောင်း၊ မြင့် မြတ် တော် မူ ၏။
ထာဝရဘုရားသည် လူမျိုးတကာတို့အပေါ်၌လည်းကောင်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌လည်းကောင်း မြင့်တော်မူ၏။
အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
အကျွန်ုပ်တို့၏အရှင် ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာမြေတစ်ခွင်လုံး၌ ကြီးမြတ်လှပါ၏။ ကိုယ်တော်သည် မိမိ၏ဘုန်းကျက်သရေကို ကောင်းကင်ပေါ်မှာ တည်စေတော်မူ၏။
အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာမြေတစ်ခွင်လုံးတွင် အမြင့်ဆုံးသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုရားအပေါင်းတို့ထက် အလွန်ချီးမြှောက်ခြင်းခံရတော်မူ၏။
ထာဝရဘုရားသည် ဇိအုန်၌ကြီးမြတ်တော်မူ၏။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့အထက်၌ ချီးမြှောက်ခြင်းရှိတော်မူ၏။
လူမျိုးတို့ကို ရေပုံးထဲမှရေတစ်စက်ကဲ့သို့၊ ချိန်ခွင်ပေါ်မှ ဖုန်မှုန့်ကဲ့သို့ ထင်မှတ်၍ ကျွန်းတို့ကို မြူမှုန်ကဲ့သို့ ကိုင်တော်မူ၏။
လူမျိုးအားလုံးတို့သည် ကိုယ်တော်၏ရှေ့တော်၌ ဘာမျှမဟုတ်။ ကိုယ်တော်သည် သူတို့ကို အနတ္တသက်သက်၊ အချည်းနှီးသက်သက်ထက် သာ၍ငယ်သည်ဟု ထင်မှတ်တော်မူ၏။
ကိုယ်တော်သည် မြေကြီးစက်ဝိုင်းအထက်တွင် စံပယ်တော်မူ၏။ မြေကြီးသားတို့သည် နှံကောင်သဖွယ်ဖြစ်၏။ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ဖြန့်ကြက်တော်မူ၏၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူ၏။
ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။