Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 40:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ကိုယ်တော်​သည် မြေကြီး​စက်ဝိုင်း​အထက်​တွင် စံပယ်​တော်မူ​၏​။ မြေကြီးသား​တို့​သည် နှံကောင်​သဖွယ်​ဖြစ်​၏​။ မိုးကောင်းကင်​ကို မျက်နှာကြက်​ကဲ့သို့ ဖြန့်ကြက်​တော်မူ​၏​၊ နေစရာ​တဲ​ကဲ့သို့ ဖြန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။ အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 နှံ ကောင် သ ဖွယ် လူ တို့ ထိုင် ရာ မြေ ပ ထ ဝီ အ ထက်၊ မိုး ပိ တာန် ပေါ် စံ နေ တော် မူ ထ သော၊ ပိတ် ချော ကဲ့ သို့ မိုး ကောင်း ကင် ကို ကြက်၍၊ နေ ရာ တဲ ရှင် ကဲ့ သို့ ဖြန့် တော် မူ သော အ ရှင် ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 မြေ​ကြီး​စက်​အ​ပေါ်​မှာ ထိုင်၍၊ မြေ​ကြီး​သား​တို့​ကို နှံ​ကောင်​ကဲ့​သို့ မှတ်​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်၍၊ နေ​စ​ရာ​တဲ​ကဲ့​သို့ ဖြန့်​တော်​မူ​ထ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 40:22
28 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် ဘုရားသခင်​က “​ရေ​အလယ်​၌ မိုးမျက်နှာကြက်​ဖြစ်စေ​။ မိုးမျက်နှာကြက်​သည် ရေ​နှင့်​ရေ​ကို​ပိုင်းခြား​စေ​”​ဟု မိန့်​တော်မူ​၏​။


တိမ်ထုကြီး​သည် ကိုယ်တော့်​ကို ကာ​ထား​သဖြင့် ကိုယ်တော်​သည် ဘာမျှ​မ​မြင်​နိုင်​။ မိုးကောင်းကင်​အဝန်းအဝိုင်း​တွင်​သာ သွားလာ​လျက်​နေ​တော်မူ​သည်​’​ဟု ဆို​၏​။


မြောက်​မျက်နှာ​လဟာပြင်​ကို ပြန့်ကား​စေ​ပြီး ကမ္ဘာမြေ​ကို လဟာပြင်​တွင် ချိတ်ဆွဲ​ထား​တော်မူ​၏​။


ထိုမျှမက တိမ်​များ ပြန့်​နေ​ခြင်း​၊ တဲ​တော်​မှ​မိုးခြိမ်းသံ​ထွက်​ခြင်း​တို့​ကို နားလည်​နိုင်​သလော​။


သင်​သည် ကိုယ်တော်​နှင့်အတူ မိုးကောင်းကင်​ကို ကြေးမုံပြင်​ကဲ့သို့​သွန်းလုပ်​၍ ခိုင်ခံ့​စွာ​ဖြန့်ကြက်​ထား​သလော​။


ကောင်းကင်​မျက်နှာကြက်​ကို တစ်ပါးတည်း​ဖြန့်ကြက်​တော်မူ​၍ ပင်လယ်​လှိုင်းလုံး​များ​ကို နင်း​တော်မူ​၏​။


အလင်း​ကို ခြုံထည်​ကဲ့သို့​လွှမ်းခြုံ​ထား​၍ ကောင်းကင်​ကို ရွက်ထည်​ကဲ့သို့ ဖြန့်ကြက်​ထား​တော်မူ​၏​။


ကိုယ်တော်​သည် အမှောင်​ကို မိမိ​၏​လျှို့ဝှက်​သော​နေရာ​ဖြစ်​စေ​တော်မူ​၏​။ မိုး​ရေ​ဖွဲ့​ထား​သော​တိမ်တိုက်ထု​ကြီး​၏​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော အခြံအရံ​ဖြစ်​၏​။


သို့သော် သူ​တို့​၏​အသံ​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​သို့​ပျံ့နှံ့​သွား​၍ သူ​တို့​၏​စကား​သည် ကမ္ဘာလောက​အစွန်း​တိုင်အောင်​ရောက်​လေ​၏​။ ကိုယ်တော်​သည် ကောင်းကင်​၌ နေ​အတွက် ဗိမာန်​ကို​တည်​တော်မူ​သဖြင့်


ကောင်းကင်ဘုံ​၌ ထိုင်​တော်မူ​သော​အရှင်​သည် ရယ်မော​တော်မူ​၏​။ ဘုရားရှင်​သည် သူ​တို့​ကို​ပြက်ရယ်ပြု​တော်မူ​၏​။


ထာဝရဘုရား​သည် လွှမ်းမိုး​သော​ရေပြင်​အထက်​တွင် စိုးစံ​တော်မူ​၏​။ ထာဝရဘုရား​သည် ရှင်ဘုရင်​အဖြစ် အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။


ရှေးကာလ​ကပင်​တည်ရှိ​သည့် အမြင့်ဆုံးကောင်းကင်​ကို​စီး​တော်မူ​သော​အရှင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​အသံ​၊ တန်ခိုးကြီး​သော​အသံ​ကို လွှင့်​တော်မူ​၏​။


မိုးကောင်းကင်​ကို ကိုယ်တော်​တည်​တော်မူ​သောအခါ ငါ​သည် ထို​အရပ်​၌​ရှိ​၏​။ နက်ရှိုင်း​သော​ရေထု​၏​မျက်နှာပြင်​ပေါ်တွင် မိုးကုပ်စက်ဝိုင်း​ကို အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း​၊


အီဂျစ်​ပြည်​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် လျင်မြန်​သော​တိမ်တိုက်​ကို​စီး​၍ အီဂျစ်​ပြည်​သို့ ကြွလာ​တော်မူ​၏​။ အီဂျစ်​ပြည်​၏​ရုပ်တု​တို့​သည် ကိုယ်တော်​၏​ရှေ့​၌ လှုပ်ခါ​ကြ​၍ အီဂျစ်​ပြည်သား​တို့​သည် စိတ်ပျက်အားလျော့​ကြ​လိမ့်မည်​။


“​ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​တွင် ကိုယ်တော်​တစ်ပါးတည်း​သာ ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။


လူမျိုး​တို့​ကို ရေပုံး​ထဲမှ​ရေတစ်စက်​ကဲ့သို့​၊ ချိန်ခွင်​ပေါ်မှ ဖုန်မှုန့်​ကဲ့သို့ ထင်မှတ်​၍ ကျွန်း​တို့​ကို မြူမှုန်​ကဲ့သို့ ကိုင်​တော်မူ​၏​။


လူမျိုး​အားလုံး​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ဘာမျှ​မ​ဟုတ်​။ ကိုယ်တော်​သည် သူ​တို့​ကို အနတ္တသက်သက်​၊ အချည်းနှီးသက်သက်​ထက် သာ၍​ငယ်​သည်​ဟု ထင်မှတ်​တော်မူ​၏​။


သူ​သည် အား​မ​လျော့​၊ စိတ်​မ​ပျက်​ဘဲ မြေကြီး​ပေါ်တွင် တရားမျှတမှု​ကို တည်​စေ​မည်​။ ကမ်းရိုးတန်းဒေသ​များ​သည် သူ​၏​တရားတော်​ကို မျှော်လင့်စောင့်စား​ကြ​လိမ့်မည်​။


မိုးကောင်းကင်​ကို​ဖန်ဆင်း​၍ ဖြန့်ကြက်​တော်မူ​သော​အရှင်​၊ မြေကြီး​နှင့်​မြေကြီး​မှ​ဖြစ်လာ​သော​အရာ​တို့​ကို ခင်းကျင်း​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်​ရှိ​လူ​တို့​အား ဇီဝ​အသက်​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်တွင် အသက်ရှင်​သွားလာ​သော​သူ​တို့​အား ဝိညာဉ်​ကို​လည်းကောင်း ပေး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။


သင့်​ကို ရွေးနုတ်​တော်မူ​သော​အရှင်​၊ သင့်​ကို အမိ​ဝမ်း​ထဲကပင် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင်​ထာဝရဘုရား​က “​ငါ​ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​ကို​ဖန်ဆင်း​၏​။ မိုးကောင်းကင်​ကို ငါ​တစ်ပါးတည်း​ဖြန့်ကြက်​၏​။ မြေကြီး​ကို ငါ​တစ်ပါးတည်း​ခင်းကျင်း​၏​။


မိုးကောင်းကင်​ကို​ဖြန့်ကြက်​တော်မူ​သော​၊ မြေကြီး​ကို​အုတ်မြစ်ချ​တော်မူ​သော​၊ သင့်​ကို​ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​ကို သင်​မေ့လျော့​၏​။ သင့်​ကို​ဖျက်ဆီး​ရန် အသင့်ရှိ​နေ​သည့် နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကြောင့် သင်​သည် နေ့စဉ်​မပြတ်​ကြောက်ရွံ့​နေ​၏​။ နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကား အဘယ်မှာ​နည်း​။


ထာဝရဘုရား​က “​ကောင်းကင်ဘုံ​သည် ငါ​၏​ပလ္လင်​ဖြစ်​၏​။ မြေကြီး​သည် ငါ​၏​ခြေတင်ခုံ​ဖြစ်​၏​။ ငါ့​အတွက် အိမ်​ကို အဘယ်မှာ​ဆောက်​မည်နည်း​။ ငါ​ကိန်းဝပ်​ရာ​အရပ်​ကား အဘယ်မှာ​နည်း​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် တန်ခိုး​တော်​အားဖြင့် မြေကြီး​ကို​ဖန်ဆင်း​တော်မူ​၏​။ ဉာဏ်ပညာ​အားဖြင့် ကမ္ဘာကြီး​ကို တည်​တော်မူ​၏​။ ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို ဖြန့်ကြက်​တော်မူ​၏​။


အစ္စရေး​လူမျိုး​နှင့်ပတ်သက်​သော ထာဝရဘုရား​၏​ဗျာဒိတ်​စကား​။ မိုးကောင်းကင်​ကို ဖြန့်ကြက်​၍ မြေကြီး​အုတ်မြစ်​ကို​တည်​ပြီးလျှင် လူ့​အထဲ​၌ အသက်ဝိညာဉ်​ကို ပုံဖော်ဖန်ဆင်း​ပေး​တော်မူ​သော​ထာဝရဘုရား​က


ထို​အရပ်​၌ ဧရာမလူ​တို့​ကို​လည်း တွေ့​ခဲ့​ပါ​၏​။ ထို​ဧရာမလူ​တို့​မှ အာနက​အမျိုး​ဆင်းသက်​လာ​၏​။ သူ​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​နှံကောင်​ကဲ့သို့​မြင်​၍ သူ​တို့​သည်​လည်း ငါ​တို့​ကို နှံကောင်​ကဲ့သို့​မြင်​မည်​”​ဟု ဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ