ဆာလံ 113:4 - Common Language Bible4 ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ထာ ဝ ရ ဘု ရား သည် လူ မျိုး အ ပေါင်း တို့ ထက် လည်း ကောင်း၊ ဘုန်း တော် သည် မိုး ကောင်း ကင် ထက် လည်း ကောင်း၊ မြင့် မြတ် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထာဝရဘုရားသည် လူမျိုးတကာတို့အပေါ်၌လည်းကောင်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌လည်းကောင်း မြင့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ အထက်၌လည်းကောင်း၊ ကိုယ်တော်၏ဘုန်းအသရေသည် ကောင်းကင်အထက်၌လည်းကောင်း ချီးမြှောက်ခြင်းရှိ၏။ အခန်းကိုကြည့်ပါ။ |
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-