အာဟပ်မင်းကြီးသည် နန်းတော်အုပ်ဩဗဒိကို ဆင့်ခေါ်၏။ ဩဗဒိသည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ရိုသေသောသူဖြစ်၏။
ဆာလံ 112:1 - မြန်မာ့စံမီသမ္မာကျမ်း ဟာလေလုယ။ ထာဝရဘုရားကို ကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကို အလွန်နှစ်သက်သောသူသည် မင်္ဂလာရှိ၏။ Common Language Bible ထာဝရဘုရားကိုထောမနာပြုကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ပညတ်တော်တို့ကိုစောင့်ထိန်းရန် အထူးနှစ်သက်သူသည်မင်္ဂလာရှိ၏။ Garrad Bible ဟာ လေ လု ယ။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍၊ ပ ညတ် တော် များ ကို အ ထူး နှစ် သက် သူ သည် မင်္ဂ လာ ရှိ၏။ Judson Bible ထာဝရဘုရားကိုကြောက်ရွံ့၍၊ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် မင်္ဂလာရှိ၏။ |
အာဟပ်မင်းကြီးသည် နန်းတော်အုပ်ဩဗဒိကို ဆင့်ခေါ်၏။ ဩဗဒိသည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ရိုသေသောသူဖြစ်၏။
ဟာလေလုယ။ ငါသည် ဖြောင့်မှန်သောသူတို့၏ အစည်းအဝေးနှင့် လူထုပရိသတ်အလယ်တွင် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်၏။ ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာသောသူ အပေါင်းတို့သည် ကောင်းသောဉာဏ်စွမ်းကိုရရှိကြ၏။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ထာဝရတည်၏။
အကျွန်ုပ်သည် စည်းစိမ်ဥစ္စာအလုံးစုံတို့အပေါ်၌ ရွှင်မြူးခြင်းရှိသကဲ့သို့ ကိုယ်တော်၏သက်သေခံချက်လမ်း၌ ရွှင်မြူးခြင်းရှိပါ၏။
ဘေးရန်နှင့်ကျပ်တည်းမှုတို့သည် အကျွန်ုပ်အပေါ်သို့ကျရောက်ကြသော်လည်း ကိုယ်တော်၏ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ကြပါ၏။
ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့၌ မွေ့လျော်ပါမည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း မမေ့လျော့ပါ။
အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းကို နှစ်သက်သည်ဖြစ်၍ ထိုလမ်း၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို အလွန်မြတ်နိုးပါ၏။ ထိုတရားတော်သည် တစ်နေ့လုံး အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်ပါ၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသူ၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းသောသူရှိသမျှတို့သည် မင်္ဂလာရှိကြ၏။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
ဟာလေလုယ။ ငါတို့၏ဘုရားသခင်ကို သီဆိုချီးမွမ်းခြင်းသည် အမှန်ပင်ကောင်းမြတ်ပေ၏။ ကိုယ်တော်ကိုချီးမွမ်းခြင်းသည် သင့်လျော်၍ အမှန်ပင်နှစ်လိုဖွယ်ကောင်း၏။
ဟာလေလုယ။ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏တန်ခိုးတော်ထင်ရှားရာ မိုးမျက်နှာကြက်ပေါ်မှာ ကိုယ်တော်ကိုချီးမွမ်းကြလော့။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရသည်ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ရှိပါ၏”ဟု လျှောက်၏။
ထိုဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် သူတို့အား မိသားစုဘဝကိုပေးသနားတော်မူ၏။
အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
သင်တို့တွင် မည်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ မည်သူသည် ကိုယ်တော့်အစေအပါး၏စကားကို နားထောင်သနည်း။ မည်သူသည် အလင်းမရှိဘဲ အမှောင်ထုထဲ၌ သွားလာသနည်း။ သူသည် ထာဝရဘုရား၏နာမတော်၌ ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်၌ ကိုးစားပါစေ။
ကရုဏာတော်သည်လည်း ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်၌ သားစဉ်မြေးဆက်တည်၏။
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။