ကိုယ်တော်သည် မိမိ၏အံ့ဖွယ်သောအမှုတို့ကို အောက်မေ့စရာဖြစ်စေရန် စီရင်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူ၏။
ပြုတော်မူသောအံ့သြဖွယ်အမှုအရာတို့ကို မမေ့လျော့စေရန်စီရင်တော်မူပြီ။ ကိုယ်တော်သည်သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့်ပြည့်ဝတော်မူ၏။
အံ့ ဖွယ် ရာ အ မှု တော် များ ကို အ ထိမ်း အ မှတ် ဖြစ် စေ လျက်၊ ထာ ဝ ရ ဘု ရား ၌ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော ရှိ တော် မူ ၏။
အံ့ဖွယ်သောအမှုတော်တို့ကို အောက်မေ့ဖို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။
ထာဝရဘုရားထံ သင်တို့ပြန်လာလျှင် ဖမ်းခေါ်သွားသူတို့သည် သင်တို့ညီအစ်ကိုများ၊ သားမြေးများကို သနား၍ သူတို့သည် ဤပြည်သို့ ပြန်လာရကြလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူသောကြောင့် သင်တို့သည် အထံတော်သို့ပြန်လာလျှင် ကိုယ်တော်သည် သင်တို့ကိုမျက်နှာလွှဲတော်မူမည်မဟုတ်”ဟု ပါရှိ၏။
ထာဝရဘုရားသည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်သောသဘော၊ မေတ္တာကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။
ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။ သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိ၏။
ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူ၏။ စိတ်ရှည်၍ မေတ္တာကရုဏာကြီးမားတော်မူ၏။
သို့သော် သနားစုံမက်တတ်သောကိုယ်တော်သည် သူတို့ကိုမဖျက်ဆီးဘဲ သူတို့၏ဒုစရိုက်ကိုဖြေလွှတ်တော်မူ၏။ မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍ မိမိ၏အမျက်ဒေါသကို အကုန်အစင်နှိုးဆော်တော်မမူခဲ့ပေ။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
ငါတို့အတွက် ထာဝရဘုရား ပြုတော်မူခဲ့သောအရာအလုံးစုံနှင့်အညီ ထာဝရဘုရား၏မေတ္တာကရုဏာတော်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်တို့ကို ငါဖော်ပြမည်။ ကိုယ်တော်၏ကြွယ်ဝသောမေတ္တာကရုဏာတော်နှင့်အညီ အစ္စရေးအမျိုးသားတို့အတွက် ပြုတော်မူခဲ့သည့် ကောင်းမြတ်ခြင်းအလုံးစုံတို့ကို ငါဖော်ပြမည်။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ငါတို့သခင်ဘုရား၏ကျေးဇူးတော်သည် ယေရှုခရစ်တော်အပေါ်၌ရှိသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့နှင့်အတူ အလွန်ကြွယ်ဝများပြားလှ၏။