ငါ့အပေါ် ထာဝရဘုရားပြုတော်မူသော ကျေးဇူးအပေါင်းတို့အတွက် ကိုယ်တော်ကို ငါမည်သို့ပြန်ဆပ်နိုင်မည်နည်း။
ဆာလံ 107:22 - မြန်မာ့စံမီသမ္မာကျမ်း ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။ Common Language Bible သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။ Garrad Bible ချီး မွမ်း ရာ သ က္ကာ များ ကို ပူ ဇော် လျက်၊ အ မှု တော် များ ကို ကြွေး ကြော် ကြား ပြော ကြ ပါ စေ။ Judson Bible ကျေးဇူးတော် ဝန်ခံရာယဇ်ကိုပူဇော်၍၊ ရွှင်လန်းသောအသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ။ |
ငါ့အပေါ် ထာဝရဘုရားပြုတော်မူသော ကျေးဇူးအပေါင်းတို့အတွက် ကိုယ်တော်ကို ငါမည်သို့ပြန်ဆပ်နိုင်မည်နည်း။
အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ရှေ့တော်၌ပူဇော်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ပါမည်။
ငါမသေရသေးဘဲ အသက်ရှင်လျက် ထာဝရဘုရားပြုတော်မူသောအမှုတို့ကို ပြောကြားဦးမည်။
ယခုအခါ ငါ၏ဦးခေါင်းသည် ငါ့ပတ်လည်ရှိ ငါ့ရန်သူတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏တဲတော်၌ ဝမ်းမြောက်စွာကြွေးကြော်သောအသံတည်းဟူသော ယဇ်များကိုပူဇော်ပါမည်။ ငါသည် သီချင်းဆိုလျက် ထာဝရဘုရားကို သီဆိုချီးမွမ်းပါမည်။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန် ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။
ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။
လူမျိုးတကာတို့သည် မိမိတို့တူးထားသောတွင်းထဲသို့ ကျကြပြီ။ သူတို့ခြေသည် မိမိတို့လျှို့ဝှက်စွာထောင်ထားသော ပိုက်ကွန်၌မိလေပြီ။
ထိုနေ့ရက်၌ သင်တို့က “ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုသောအမှုတော်တို့ကို လူမျိုးတို့အလယ်၌ ဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်မြင့်မြတ်တော်မူကြောင်းကို ထုတ်ဖော်ပြောဆိုကြလော့။
မိတ်သဟာယယဇ်ကို ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ပူဇော်လိုလျှင် ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာနှင့်အတူ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်၊ အကောင်းဆုံးဂျုံမှုန့်ကိုဆီနှင့်နယ်၍ လုပ်ထားသောမုန့်ဝိုင်းကို ပူဇော်ရမည်။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။