ဝတ်ပြု 7:12 - မြန်မာ့စံမီသမ္မာကျမ်း12 မိတ်သဟာယယဇ်ကို ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ပူဇော်လိုလျှင် ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာနှင့်အတူ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်၊ အကောင်းဆုံးဂျုံမှုန့်ကိုဆီနှင့်နယ်၍ လုပ်ထားသောမုန့်ဝိုင်းကို ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible12 တစ်စုံတစ်ယောက်သည်ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ယဇ်ကိုပူဇော် သောအခါ ယဇ်ကောင်နှင့်အတူတဆေး မပါသောမုန့်ကိုလည်းယူဆောင်ခဲ့ရမည်။ ၎င်းမုန့်မှာသံလွင်ဆီနှင့်မုန့်ညက်ရော၍ပြု လုပ်သောမုန့်လုံးသို့မဟုတ်သံလွင်ဆီသုတ် သောမုန့်ပြား သို့မဟုတ်သံလွင်ဆီနှင့်မုန့် ညက်ရော၍ပြုလုပ်သောမုန့်ဖြစ်ရမည်။ ဤမုန့်များတွင်တဆေးမပါစေရ။- အခန်းကိုကြည့်ပါ။Garrad Bible12 ချီး မွမ်း ရာ သ က္ကာ ဖြစ် လျှင် ထို သ က္ကာ နှင့် တ ကွ ဆီ ရော သော တ ဆေး မဲ့ မုန့် ပေါက်၊ ဆီ လူး သော တ ဆေး မဲ့ မုန့် ချပ်၊ မုန့် ညက် ဖြင့် လုပ်၍ ဆီ ရော ပြွမ်း သော မုန့် လုံး များ ကို ဆက် ကပ် စေ။ အခန်းကိုကြည့်ပါ။Judson Bible12 ကျေးဇူးတော်ဝန်ခံဖို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့်လုပ်၍ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။