သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
ဂလာတိ 2:2 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။ Common Language Bible ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်း ဤသို့ သွားရောက်ခြင်းဖြစ်သည်။ ငါသည်ခေါင်းဆောင် များနှင့်သာတွေ့ဆုံကာလူမျိုးခြားတို့အား ငါဟောပြောကြေညာသည့်သတင်းကောင်း ကိုတင်ပြ၏။ ဤသို့တင်ပြရခြင်းမှာ ယခင် အခါကသော်လည်းကောင်း၊ ယခုအခါ ၌သော်လည်းကောင်း ငါကြိုးစားဆောင်ရွက် သည့်အမှုတော်ကိုအချည်းနှီးမဖြစ်စေ လိုသောကြောင့်ဖြစ်၏။- Judson Bible ဗျာဒိတ်တော်အတိုင်းပင် သွားသည်ဖြစ်၍၊ တစ်ပါးအမျိုးတို့၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါ ငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတ္တံ့သောအမှုကို အချည်းနှီးမဖြစ်စေခြင်းငှာ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။ |
သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
ထိုအခါ စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်သွား၍ ဗာနဗနှင့်ပေါလုတို့က မိမိတို့အားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအကြောင်း ပြောပြကြသည်ကို နားထောင်လျက်နေကြ၏။
ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
တစ်ညတွင် သခင်ဘုရားသည် ရူပါရုံအားဖြင့် ပေါလုအား“မကြောက်နှင့်။ တိတ်ဆိတ်စွာမနေဘဲ ဟောပြောလော့။
ထိုည၌ သခင်ဘုရားသည် ပေါလုထံပါး၌ပေါ်လာ၍“မစိုးရိမ်နှင့်။ အကြောင်းမူကား သင်သည် ဂျေရုဆလင်မြို့၌ ငါ့အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့၌လည်း သက်သေခံရမည်”ဟု မိန့်တော်မူ၏။
သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင်
ထို့ကြောင့် ဤအရာသည် လူ၏အလိုဆန္ဒအပေါ်၌လည်းကောင်း၊ ကြိုးစားအားထုတ်မှုအပေါ်၌လည်းကောင်း မမူတည်ဘဲ ကရုဏာထားတော်မူသောဘုရားသခင်အပေါ်၌သာ မူတည်၏။
ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။
အကြောင်းမူကား ငါသည် သင်တို့တွင် ယေရှုခရစ်တော်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသည့် ထိုသခင်၏အကြောင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မသိမမှတ်ရန် ဆုံးဖြတ်ထား၏။
အားကစားကွင်းထဲ၌ အပြေးပြိုင်သောသူတို့သည် အားလုံးပြေးကြသည်မှန်သော်လည်း တစ်ဦးတည်းသာ ဆုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုရရှိမည့်အကြောင်း ပြေးကြလော့။
ထို့ကြောင့် ငါပြေးသောအခါ ဦးတည်ရာမဲ့ပြေးသောသူကဲ့သို့ ပြေးသည်မဟုတ်။ လက်ဝှေ့ထိုးသောအခါလည်း လေကိုထိုးသောသူကဲ့သို့ ထိုးသည်မဟုတ်။
ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။
အကြောင်းမူကား ၎င်းကို လူ့ထံမှ ငါရရှိခဲ့သည်မဟုတ်။ သင်ယူခဲ့သည်လည်းမဟုတ်။ ယေရှုခရစ်တော်၏ဗျာဒိတ်တော်အားဖြင့်သာ ငါရရှိခဲ့၏။
မိမိ၏သားတော်အကြောင်းကို လူမျိုးခြားတို့တွင်ဟောပြောစေရန်အတွက် ထိုသားတော်ကို ငါ့အားဖော်ပြရန် အလိုရှိတော်မူသောအခါ ငါသည် အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု။
သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။
ထိုအထင်ကရဖြစ်သောသူတို့သည် ယခင်က မည်ကဲ့သို့သောသူဖြစ်ပါစေ ငါ့အတွက်အကြောင်းမဟုတ်။ ဘုရားသခင်သည် လူ့မျက်နှာကိုထောက်တော်မမူ။ အမှန်စင်စစ် ထိုအထင်ကရဖြစ်သောသူတို့သည် ငါ့အပေါ် မည်သည့်အရာကိုမျှ မဖြည့်စွက်ခဲ့ကြပေ။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
သင်တို့သည် ကောင်းစွာပြေးခဲ့ကြ၏။ သမ္မာတရားကိုမလိုက်နာစေရန် မည်သူက သင်တို့ကို အနှောင့်အယှက်ပေးသနည်း။
ထိုသို့အားဖြင့် ငါသည် အချည်းနှီးပြေးခဲ့သည်မဟုတ်ကြောင်းနှင့် အချည်းနှီးအားထုတ်လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်လိမ့်မည်။
သို့ဖြစ်၍ ဝမ်းမြောက်ခြင်းအပြည့်အဝဖြင့် သခင်ဘုရား၌ သူ့ကိုလက်ခံကြလော့။ ဤသို့သောသူတို့ကို ရိုသေလေးစားကြလော့။
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။