Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 15:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ ပေါလု၊ ဗာနဗ​တို့​နှင့် ထို​သူ​တို့​ကြား​၌ ပြင်းထန်​သော​သဘောထား​ကွဲလွဲမှု​နှင့် အငြင်းပွား​မှု​များ ဖြစ်ပေါ်​ခဲ့​သဖြင့် ညီအစ်ကို​တို့​သည် ပေါလု၊ ဗာနဗ​နှင့် မိမိ​တို့​ထဲမှ လူ​အချို့​တို့​ကို ဤ​ပြဿနာ​အတွက် ဂျေရုဆလင်​မြို့​ရှိ တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ထံသို့​သွား​ကြ​ရန် ခန့်အပ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​နှင့် အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ကာ အ​ချေ​အ​တင် ပြော​ဆို​ကြ​၏။ ထို့​ကြောင့်​အ​သင်း​တော်​သည်​ဤ သို့​အ​ငြင်း​ပွား​သည့်​ကိစ္စ​နှင့်​ပတ်​သက်​၍ တိုင်​ပင် ဆွေး​နွေး​ရန်​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို​တ​ပည့် တော်​အ​ချို့​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​ရှိ အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့​စေ​လွှတ်​ရန် ဆုံး​ဖြတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ပေါ လု နှင့် ဗာ န ဗ တို့ တစ် ဘက် ဆို ခဲ့ သူ တို့ တစ် ဘက် များ စွာ ဆွေး နွေး ငြင်း ခုန် ခြင်း ဖြစ် ပေါ် သ ဖြင့် ညီ အစ် ကို တို့ သည် ပေါ လု နှင့် ဗာ န ဗ ကို သူ တို့ အ နက် အ ချို့ ပါ ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် များ ဥ က္က ဋ္ဌများ ထံ သွား ကြ စေ ရန် စီ မံ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ထို​သူ​တို့​နှင့် ပေါ​လု၊ ဗာ​န​ဗ​တို့​သည် ဆွေး​နွေး​ငြင်း​ခုံ​ခြင်း များ​သော​အ​ခါ၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် အ​ခြား​သော​တ​ပည့်​တော်​အ​ချို့ တို့​နှင့်​တ​ကွ၊ ထို​ပြဿ​နာ၏ အ​ကြောင်း​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​ထံ​သို့​သွား​ရ​မည်​အ​ကြောင်း​ကို စီ​ရင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထို့ကြောင့် ပေါလု​နှင့် ဗာနဗ​သည် ထို​သူတို့​နှင့် အပြင်းအထန်​ဆွေးနွေး​ငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများ​သည် ဤ​ပြဿနာ​ကို ဖြေရှင်း​ရန် ပေါလု​နှင့် ဗာနဗ​တို့​အား သူတို့​အထဲမှ​လူ​အချို့​နှင့်တကွ ဂျေရုဆလင်မြို့​ရှိ တမန်တော်များ၊ အသင်းတော်​အကြီးအကဲများ​ထံ သွား​ရန် ဆုံးဖြတ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 15:2
20 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဤသို့​ပြု​မည်​၊ ဘုရားသခင်​သည်​လည်း ဤသို့ ခွင့်ပြု​မည်​ဆိုလျှင် သင်​သက်သာ​လိမ့်မည်​။ ဤ​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​နေအိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ထိုအခါ ပေတရု​သည် သူ​တို့​ကို အိမ်​ထဲသို့​ခေါ်ဖိတ်​လျက် တည်းခို​စေ​ပြီးလျှင် နောက်တစ်နေ့​၌ ထ​၍ ထို​သူ​တို့​နှင့်အတူ ထွက်ခွာ​သွား​လေ​၏။ ယုပ္ပေ​မြို့​မှ ညီအစ်ကို​အချို့​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​ကြ​၏။


ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ‘သံသယ​မ​ရှိ​ဘဲ သူ​တို့​နှင့်အတူ​လိုက်သွား​လော့’​ဟု ငါ့​အား မိန့်​တော်မူ​၏။ ဤ​ညီအစ်ကို​ခြောက်​ဦး​တို့​သည်​လည်း ငါ​နှင့်အတူ​လိုက်သွား​၍ ငါ​တို့​သည် ထို​သူ​၏​အိမ်​သို့​ဝင်​ကြ​၏။


သူ​တို့​သည် ထို​အတိုင်း​ပြု​လျက် ၎င်း​ကို ဗာနဗ​နှင့်​ရှောလု​တို့​၏​လက်​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲ​များ​ထံသို့ ပေးပို့​ကြ​၏။


သို့ဖြစ်၍ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အတွက် မိမိ​တို့​အသက်​ကို​ဆက်ကပ်​ထား​သူ​များ​ဖြစ်​ကြ​သည့် ငါ​တို့​ချစ်​သော ဗာနဗ၊ ပေါလု​တို့​နှင့်အတူ လူ​တို့​ကို​ရွေးကောက်​ပြီး သင်​တို့​ထံသို့ စေလွှတ်​ရန် ငါ​တို့​အားလုံး သဘောတူ​ဆုံးဖြတ်​ကြ​သည်​နှင့်အညီ


ယုဒ​နှင့်​သိလ​တို့​ကို ငါ​တို့​စေလွှတ်​လိုက်​ပါ​၏။ သူ​တို့​သည် ဤ​အကြောင်းအရာ​တို့​ကို နှုတ်​ဖြင့်​လည်း ပြောပြ​ကြ​ပါ​လိမ့်မည်။


ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ အသင်းတော်​မှစ၍ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် သူ​တို့​ကို ကြိုဆို​လက်ခံ​ကြ​၏။ သူ​တို့​သည်​လည်း မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​ကြ​၏။


ထို့နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေရုဆလင်​မြို့​၌​ရှိ​သော​တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​ဆုံးဖြတ်​ထား​သော​စည်းမျဉ်း​တို့​ကို စောင့်ထိန်း​စေရန် လူ​တို့​အား​ပေးအပ်​ကြ​၏။


နောက်တစ်နေ့​၌ ပေါလု​သည် ငါ​တို့​နှင့်အတူ ယာကုပ်​ထံသို့​ဝင်​လျှင် အသင်းတော်​အကြီးအကဲ​အားလုံး​တို့​သည်​လည်း ရောက်​နေ​ကြ​၏။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​အဖြစ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ငါ​ပေါလု​နှင့်​ငါ့​ညီ​သုဿင်​တို့​သည်


အမှန်စင်စစ် ငါ​သည် ထိပ်တန်း​တမန်တော်​များ​ထက် အနည်းငယ်​မျှ​မ​ညံ့​ဟု ငါ​ထင်မှတ်​၏။


သို့သော် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​သည် သင်​တို့​တွင် ဆက်၍​တည်​နေ​မည့်​အကြောင်း ငါ​တို့​သည် သူ​တို့​ကို ခေတ္တ​ခဏ​မျှ​ပင် မ​လိုက်လျော​ခဲ့​ကြ​ပေ။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။


ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​တို့​ပြော​သမျှ​ကို နားထောင်​လော့​။ သူ​တို့​သည် သင့်​ကို​သာ​စွန့်ပယ်​သည်​မ​ဟုတ်​။ ငါ့​ကို​လည်း သူ​တို့​၏​ရှင်ဘုရင်​အဖြစ်​မှ စွန့်ပယ်​ကြ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ