“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
ဂလာတိ 1:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။ Common Language Bible ငါတို့ဖြစ်စေ၊ ကောင်းကင်ဘုံမှကောင်းကင်တမန် ပင်ဖြစ်စေသင်တို့အား ငါဟောပြောကြေညာခဲ့ သည့်သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် သတင်းကောင်းကိုဟောပြောလျှင်ကျိန်တော်မူ ခြင်းကိုခံစေ။- Garrad Bible အ ကယ်၍ ငါ တို့ ဖြစ် စေ၊ ကောင်း ကင် က စေ တ မန် တော် ဖြစ် စေ ငါ တို့ ကြား ပြော ရင်း သ တင်း တော် မြတ် နှင့် ဆန့် ကျင် သော သ တင်း ကို ကြား ပြော လျှင် အ မင်္ဂ လာ ခံ စေ။ Judson Bible သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတစ်ပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်လည်းကောင်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန် ဟောပြောသော်လည်းကောင်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့ဖြစ်စေ၊ ကောင်းကင်ဘုံမှ ကောင်းကင်တမန်ဖြစ်စေ သင်တို့အား ကျွန်ုပ်တို့ဟောပြောခဲ့သော သတင်းကောင်းမဟုတ်သည့် အခြားသတင်းကောင်းကို ဟောပြောလျှင် ဟောပြောသောသူသည် ကျိန်ဆိုခြင်းကို ခံရပါစေ။ |
“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
ပရောဖက်က “ငါသည်လည်း သင်ကဲ့သို့ ပရောဖက်တစ်ပါးပင်ဖြစ်ပါ၏။ ‘သူ့ကို သင့်အိမ်သို့ ပြန်ခေါ်သွားပါ။ အစာလည်း ကျွေးပါ၊ ရေလည်း တိုက်ပါ’ဟူသည့် ထာဝရဘုရား၏စကားတော်ကို ကောင်းကင်တမန်တစ်ပါးက ငါ့အား မိန့်တော်မူပြီ”ဟု လိမ်ညာပြောဆိုလေ၏။
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။
လူတိုင်း ကိုယ့်စကားကို ဗျာဒိတ်စကားဖြစ်သည်ဟုဆိုလျက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူသော၊ အသက်ရှင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စကားတော်ကို ကပြောင်းကပြန်ဖြစ်စေကြသောကြောင့် ထာဝရဘုရား၏ဗျာဒိတ်တော်ဟူ၍ ဘယ်သောအခါမျှ သင်တို့မပြောရ။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
သူတို့သည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်သက်ကြီးဝါကြီးများထံ ချဉ်းကပ်လျက် “အကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မည်သည့်အစာကိုမျှ မမြည်းမစမ်းဟု အလေးအနက်ကျိန်ဆိုထားကြပါသည်။
ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
အမှန်စင်စစ် သွေးသားဇာတိအားဖြင့် ငါ၏အမျိုးသားချင်းများဖြစ်ကြသော ငါ့ညီအစ်ကိုတို့အတွက် ငါကိုယ်တိုင် ခရစ်တော်နှင့်ကွဲကွာလျက် ကျိန်ခြင်းကိုပင် ခံလိုသောဆန္ဒရှိ၏။
ထို့ကြောင့် သင်တို့အား ငါသိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် “ယေရှုသည် ကျိန်ခြင်းကိုခံပါစေ”ဟု ပြောဆိုမည်မဟုတ်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မဟုတ်လျှင် မည်သူကမျှ “ယေရှုသည် သခင်ဖြစ်တော်မူ၏”ဟူ၍ မပြောဆိုနိုင်ပေ။
မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်ခြင်းကိုခံပါစေ။ သခင်ဘုရား၊ ကြွလာတော်မူပါ။
ယခင်က ငါတို့ပြောခဲ့သည့်အတိုင်း ယခုထပ်မံ၍ ငါပြောသည်မှာ မည်သူမဆို သင်တို့လက်ခံခဲ့ပြီးဖြစ်သည့် ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ်ရှားလော့။
ယခုမှာ သင်တို့သည် ကျိန်ခြင်းကို ခံရလေပြီ။ ငါ့ဘုရားသခင်၏အိမ်တော်တွင် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် အစဉ်အမြဲအစေခံရမည်”ဟု ဆိုလေ၏။
သူတို့၏မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့်ပြည့်နှက်၍ အပြစ်ပြုရာမှရပ်တန့်ခြင်းမရှိကြ။ သူတို့သည် စိတ်မတည်ကြည်သောသူတို့ကို လှည့်ဖြားဆွဲဆောင်လျက် လောဘလွန်ကျူးခြင်း၌ကျင့်သားရသော စိတ်နှလုံးရှိ၍ ကျိန်ဆဲခြင်း၏သားသမီးများဖြစ်ကြ၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။