အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဂ​လာ​တိ 1:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဖ​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ဘု ရား သ ခင် သည် က မ္ဘာ အ ဆက် ဆက် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဖ​ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။

အခန်းကိုကြည့်ပါ။



ဂ​လာ​တိ 1:5
23 ပူးပေါင်းရင်းမြစ်များ  

ယခုမှာ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကျေးဇူးတင်​ပါ​၏​။ ဘုန်းကြီး​သော​နာမ​တော်​ကို ချီးမွမ်း​ပါ​၏​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​သည် ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။


ကိုယ်တော်​၏​ဘုန်းကြီး​သော​နာမ​တော်​သည် အစဉ်အမြဲ​မင်္ဂလာရှိ​တော်မူ​ပါစေသော​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​နှင့်​ပြည့်​ပါစေသော​။ အာမင်​နှင့်​အာမင်​။


ထို့ကြောင့် အရှေ့​အရပ်​၌​လည်း ထာဝရဘုရား​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။ ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​၌​လည်း အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။


သူ​တို့​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ကမ်းရိုးတန်းဒေသ​တို့​၌ ပြောကြား​ကြ​ပါစေ​။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ မကောင်း​သော​အမှုအရာ​မှ အကျွန်ုပ်​တို့​ကို ကယ်နုတ်​တော်မူ​ပါ။ [အကြောင်းမူကား နိုင်ငံ​တော်၊ တန်ခိုး​တော်​နှင့် ဘုန်း​အသရေ​တော်​သည် ကမ္ဘာ​အဆက်ဆက် ကိုယ်တော်​၌​ရှိ​ပါ​၏။ အာမင်။]


“အမြင့်ဆုံး​သော​အရပ်​၌ ဘုရားသခင်​သည် ဘုန်း​ကြီး​တော်မူ​စေ​သတည်း။ မြေကြီး​ပေါ်၌​လည်း နှစ်သက်​တော်မူ​သော​သူ​တို့​အပေါ် ငြိမ်သက်​ခြင်း​ရှိ​စေ​သတည်း”​ဟု မြွက်ဆို​ကြ​၏။


အကြောင်းမူကား အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​လည်းကောင်း၊ ကိုယ်တော်​အားဖြင့်​လည်းကောင်း၊ ကိုယ်တော်​အတွက်​လည်းကောင်း ဖြစ်တည်​ကြ​၏။ ကိုယ်တော်ရှင်​၌ ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​တည်ရှိ​ပါစေသော။ အာမင်။


ပညာ​နှင့်​ပြည့်စုံ​တော်မူ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ယေရှု​ခရစ်တော်​အားဖြင့် ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ထို့ကြောင့် အစားအစာ​သည် ငါ​၏​ညီအစ်ကို​ကို မှားယွင်း​စေ​လျှင် ငါ့​ညီအစ်ကို​အား မ​မှားယွင်း​စေရန် ငါ​သည် အသား​ကို ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ စား​မည်​မ​ဟုတ်။


ဤသည်ကား ခရစ်တော်​၌ ဦးစွာ​မျှော်လင့်​ထား​သော​ငါ​တို့​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။


ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ထာဝရ​ဘုရင်၊ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​တော်မူ​သော မ​မြင်ရ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​ရှိ​ပါစေသော။ အာမင်။


သခင်​ဘုရား​သည် မကောင်း​သော​အမှု​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၍ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော မိမိ​၏​နိုင်ငံ​တော်​ထဲသို့ လုံခြုံ​စွာ​ပို့ဆောင်​တော်မူ​လိမ့်မည်။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ရှေ့​တော်​၌​နှစ်သက်​ဖွယ်​သော​အမှု​ကို ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​တွင်​ပြု​တော်မူ​၍ ကိုယ်တော်​၏​အလို​တော်​ကို သင်​တို့​ဆောင်ရွက်​နိုင်​ရန် ကောင်း​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


တန်ခိုး​အရှိန်အဝါ​သည် ကိုယ်တော်​၌ ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။


ငါ​တို့​၏​သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၌​လည်းကောင်း၊ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၌​လည်းကောင်း ကြီးထွား​ကြ​လော့။ ယခု​မှစ၍ ထာဝရ​နေ့ရက်​ကာလ​တိုင်အောင် ကိုယ်တော်​၌ ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ငါ​တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်း​သော​ဘုရားသခင်​၌ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​အသရေ​တော်၊ အာနုဘော်​တော်၊ တန်ခိုး​အရှိန်အဝါ​နှင့် အာဏာစက်​တို့​သည် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်လာမည့်​ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။


ထို​ကောင်းကင်တမန်​က “ဘုရားသခင်​တရား​စီရင်​တော်မူ​ရာ​အချိန် ကျရောက်​လာ​ပြီ​ဖြစ်၍ ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့်​စမ်းရေ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ကို ကိုးကွယ်​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။


သူ​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့် “အသေ​သတ်​ခြင်း​ခံရ​သော​သိုးသငယ်​တော်​သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် ကောင်းချီး​မင်္ဂလာ​တို့​ကို​ခံယူ​ထိုက်​သော​အရှင်​ဖြစ်​ပါ​၏”​ဟု ကြွေးကြော်​ကြ​၏။


“အာမင်။ ကောင်းချီး​မင်္ဂလာ၊ ဘုန်း​အသရေ၊ ဉာဏ်ပညာ၊ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း၊ ဂုဏ်သရေ၊ တန်ခိုး​နှင့် အစွမ်းသတ္တိ​တို့​သည် ငါ​တို့​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ရှိ​ပါစေသော။ အာမင်”​ဟု မြွက်ဆို​ကြ​၏။