ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
ဂလာတိ 1:11 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါဟောပြောသည့်ကောင်းမြတ်သောသတင်းသည် လူကဖန်တီးထားသောအရာမဟုတ်ကြောင်း သင်တို့အား ငါသိစေလိုပါ၏။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောကြေညာ သောသတင်းကောင်းသည် လူတီထွင်သည့်သတင်း ကောင်းမဟုတ်ကြောင်းကိုသင်တို့အားဖော်ပြမည်။- Garrad Bible ညီ အစ် ကို တို့၊ သင် တို့ အား ငါ ကြား ပြော ခဲ့ သော သ တင်း တော် မြတ် သည် လူ့ သ တင်း မ ဟုတ် ကြောင်း ငါ ဖော် ပြ သည် မှာ၊ Judson Bible ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဟောပြောခဲ့သော သတင်းကောင်းမှာ လူတို့ဖန်တီးထားသောသတင်းကောင်း မဟုတ်ကြောင်း သင်တို့အား သိစေလို၏။ |
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
အကြောင်းမူကား သခင်ဘုရားထံမှ ငါခံယူရရှိသောအရာကို သင်တို့အား ငါပေးအပ်၏။ ထိုအရာမှာ သခင်ယေရှုသည် အပ်နှံခြင်းခံရသောည၌ မုန့်ကိုယူ၍
အကြောင်းမူကား တစ်ဦးက “ငါသည် ပေါလုတပည့်ဖြစ်သည်”ဟု ပြောလျက် အခြားတစ်ဦးက “ငါသည် အာပေါလုတပည့်ဖြစ်သည်”ဟု ပြောနေကြလျှင် သင်တို့သည် သာမန်လူသားများပင် ဖြစ်ကြသည်မဟုတ်လော။
ငါသည် ဤအရာများကို လူ့သဘောအားဖြင့် ပြောဆိုနေသလော။ ပညတ်တရားသည်လည်း ထိုသို့ဆိုထားသည်မဟုတ်လော။
လူတို့ထံမှမဟုတ်၊ လူ့အားဖြင့်လည်းမဟုတ်ဘဲ ယေရှုခရစ်တော်နှင့် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သောငါပေါလုမှစ၍
သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။