Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ငါ​သည် ဤ​အရာ​များ​ကို လူ့​သဘော​အားဖြင့် ပြောဆို​နေ​သလော။ ပညတ်​တရား​သည်​လည်း ထိုသို့​ဆို​ထား​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ယ​ခု​ဖော်​ပြ​သည့်​ဥ​ပ​မာ​များ​သာ​မ​က၊ ပ​ညတ်​ကျမ်း​က​လည်း​ဤ​အ​တိုင်း​ပင်​ထောက် ခံ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 လူ့ အ လိုက် သာ မ က ပ ည တ္တိ ကျမ်း လည်း ထို သို့ အ ဆို ရှိ သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့်​သာ ဤ​သို့ ငါ​ဆို​သ​လော။ ပ​ညတ်​တ​ရား​သည်​လည်း ဤ​သို့​ပင်​ဆို​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ကျွန်ုပ်​သည် ဤ​အရာများ​ကို လူ့​အမြင်​ဖြင့်သာ ပြောနေသလော။ ပညတ်တရား​သည်လည်း ဤ​အတိုင်း​ပင် ဖော်ပြထားသည်​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:8
9 ပူးပေါင်းရင်းမြစ်များ  

ပညတ်တရား​၊ သက်သေခံ​တော်မူ​ချက်​တို့​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ ဤ​စကား​နှင့်အညီ မ​ပြောဆို​ကြ​လျှင် သူ​တို့​ထဲ၌ အရုဏ်အလင်း​မ​ရောက်​သေး​။


သို့ဖြစ်လျှင် ငါ​တို့​သည် ယုံကြည်​ခြင်း​ကြောင့် ပညတ်​တရား​ကို ပယ်ဖျက်​ကြ​သလော။ လုံးဝ​မ​ပယ်ဖျက်​ကြ။ ပညတ်​တရား​ကို တည်မြဲ​တည်​စေ​ကြ​၏။


သို့ရာတွင် ငါ​တို့​၏​မတရားမှု​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို ထင်ရှား​စေ​လျှင် မည်သို့​ဆို​ရ​မည်နည်း။ လူသား​တစ်​ဦး​အနေဖြင့်​ငါ​ဆို​သော် အမျက်​တော်​ကို​သက်ရောက်​စေ​တော်မူ​သော​ဘုရားသခင်​သည် မ​ဖြောင့်မတ်​သော​အရှင်​ဖြစ်​သလော။


သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။


မိန်းမ​တို့​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အကြောင်းမူကား သူ​တို့​၌ ဟောပြော​ရ​သော​အခွင့်​မ​ရှိ။ ပညတ်​တရား​၌​လည်း​ဆို​ထား​သည့်​အတိုင်း သူ​တို့​သည် နာခံ​မှု​ရှိ​ကြ​ရ​မည်။


သို့သော် ငါ​၏​ထင်မြင်​ချက်​အရ သူ​သည် အိမ်ထောင်​မ​ပြု​ဘဲ​နေ​လျှင် သာ၍​မင်္ဂလာရှိ​၏။ ငါ​၌​လည်း ဘုရားသခင်​၏​ဝိညာဉ်​တော်​ရှိ​သည်​ဟု ငါ​မှတ်ယူ​၏။


ညီအစ်ကို​တို့၊ ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​သည် လူ​က​ဖန်တီး​ထား​သော​အရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။


သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။


ထို့ကြောင့် ဤ​ညွှန်ကြား​ချက်​ကို ငြင်းပယ်​သော​သူ​သည် လူ​ကို​မ​ဟုတ်​ဘဲ သင်​တို့​အား မိမိ​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ကို ငြင်းပယ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ