ငါ့သားတို့၊ ယခု မပေါ့ဆကြနှင့်။ ထာဝရဘုရားရှေ့တော်တွင် ရပ်၍အမှုတော်ထမ်းဆောင်ရန်နှင့် ရှေ့တော်တွင် အမှုတော်ဆောင်အဖြစ် နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် သင်တို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
ကောလောသဲ 4:17 - မြန်မာ့စံမီသမ္မာကျမ်း အာခိပ္ပုအား “သခင်ဘုရား၌ရရှိထားသောအမှုတော်လုပ်ငန်းကို အလေးဂရုပြုလျက် ပြီးမြောက်အောင်ဆောင်ရွက်ပါ”ဟု ပြောကြားကြလော့။ Common Language Bible သခင်ဘုရားပေးအပ်ခြင်းခံရသည့်အမှုတော် ကိုအပြီးတိုင်ဆောင်ရွက်ရန်အာခိပ္ပုအားပြော ကြားကြလော့။ Garrad Bible အ ရှင် ဘု ရား ရှေ့ ခံ ရ သော အ မှု တော် ကို ဂ ရု ပြု ဆောင် ရွက် ရန် အာ ခိ ပ္ပု အား ကြား ပြော ကြ လော့။ Judson Bible အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံခြင်းငှာ သတိပြုပါဟု ပြောကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “သခင်ဘုရား ပေးအပ်တော်မူသော အမှုတော်ကို ပြီးစီးအောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုကို ပြောကြလော့။ |
ငါ့သားတို့၊ ယခု မပေါ့ဆကြနှင့်။ ထာဝရဘုရားရှေ့တော်တွင် ရပ်၍အမှုတော်ထမ်းဆောင်ရန်နှင့် ရှေ့တော်တွင် အမှုတော်ဆောင်အဖြစ် နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် သင်တို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
သင်တို့သာလျှင် သန့်ရှင်းရာဌာန၏အမှုကိစ္စ၊ ယဇ်ပလ္လင်၏အမှုကိစ္စတို့ကို ဆောင်ရွက်ရမည်။ သို့မှ နောက်တစ်ဖန် အစ္စရေးအမျိုးသားတို့အပေါ်သို့ အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။
အကြောင်းမူကား ယုဒသည် ငါတို့ထဲ၌ထည့်သွင်းရေတွက်ခြင်းခံရပြီး ဤအမှုတော်လုပ်ငန်းတွင် ပါဝင်ခွင့်ကိုရရှိခဲ့၏။
အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။
အသင်းတော်အကြီးအကဲများ၏လက်တင်ခြင်းနှင့်တကွ ပရောဖက်ပြုဟောပြောခြင်းအားဖြင့် သင့်အပေါ်ပေးအပ်ထား၍ သင်၌ရှိသည့်ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
သင့်ကိုယ်သင်သော်လည်းကောင်း၊ သင်၏သွန်သင်ချက်ကိုသော်လည်းကောင်း ဂရုစိုက်၍ ထိုသွန်သင်ချက်တို့၌ အမြဲတည်နေလော့။ အကြောင်းမူကား သင်သည် ထိုသို့ပြုခြင်းဖြင့် သင့်ကိုယ်သင်နှင့် သင့်ကိုနားထောင်သောသူတို့ကို ကယ်တင်လိမ့်မည်။
ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။
အို တိမောသေ၊ သင်၌အပ်ထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားနှင့်မဆိုင်သည့် အကျိုးမဲ့သောစကားများနှင့် အသိပညာဟု လွဲမှားစွာခေါ်ဝေါ်ကြသည့် ကွဲလွဲဆန့်ကျင်သောအရာများကို ရှောင်ရှားလော့။
ထို့ကြောင့် ငါလက်တင်သောအားဖြင့် သင်ရရှိသောဘုရားသခင်၏ဆုကျေးဇူးကို ပြန်လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေး၏။
များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့။
ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်ရဲဘက်အာခိပ္ပုနှင့် သင်၏အိမ်၌စုဝေးသောအသင်းတော်ထံသို့ စာရေးလိုက်ပါ၏။