Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 1:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့ကြောင့် ငါ​လက်​တင်​သော​အားဖြင့် သင်​ရရှိ​သော​ဘုရားသခင်​၏​ဆု​ကျေးဇူး​ကို ပြန်လည်​လှုံ့ဆော်​ရန် သင့်​ကို ငါ​သတိပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ဖြစ်​၍​သင့်​အ​ပေါ်​ငါ​သိက္ခာ​တင်​မင်္ဂလာ​ပေး စဉ်​အ​ခါ​က သ​ခင်​ဘု​ရား​ထံ​တော်​မှ​သင်​ရ ရှိ​သည့်​ဆု​ကျေး​ဇူး​ကို​ရှင်​သန်​လျက်​ရှိ​နေ စေ​ရန်​သင့်​အား​ငါ​သ​တိ​ပေး​နှိုး​ဆော်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ငါ လက် တင် ခြင်း အား ဖြင့် သင် ရ သော ဘု ရား သ ခင့် ဆု ကျေး ဇူး တော် မီး ကို မွေး စေ ခြင်း ငှာ သ တိ ပေး လိုက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သို့​ဖြစ်၍၊ ငါ​လက်​တင်​သော​အား​ဖြင့်၊ သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကို နှိုး​ဆော်​မည်​အ​ကြောင်း၊ ငါ​သည် သင့်​ကို​သ​တိ​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို့ကြောင့် သင့်​အပေါ် ကျွန်ုပ်​လက်တင်​စဉ်က ဘုရားသခင် သင့်​အား ပေးတော်မူသော ဆုကျေးဇူး​ကို ပြန်လည်​တောက်လောင်​စေရန် လှုံ့ဆော်လော့​ဟု ကျွန်ုပ်​သတိပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 1:6
19 ပူးပေါင်းရင်းမြစ်များ  

စိတ်အားထက်သန်​သော​မိန်းမ​အပေါင်း​တို့​သည် ဆိတ်မွေး​ကို​ကျွမ်းကျင်​စွာ​ငင်​ကြ​၏​။


မောရှေ​သည် ဗေဇလေလ​နှင့် အဟောလျဘ​ကို​လည်းကောင်း​၊ ထာဝရဘုရား​ထံမှ ဉာဏ်ပညာ​ရရှိ​သော လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ အလုပ်​လာ​လုပ်​ရန်​စိတ်အားထက်သန်​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း ခေါ်​လေ​၏​။


ငါ့​ကို သတိပေး​လော့​။ အတူတကွ တရားဆိုင်​ကြ​စို့​။ သင်​ဖြောင့်မတ်​ကြောင်း တင်ပြ​လော့​။


ခရီး​မ​ပြု​မီ မိမိ​၏​အစေအပါး​ဆယ်​ဦး​ကို​ခေါ်​၍ ငွေ​ဆယ်​မိနာ့​ပေး​လျက် ‘ငါ​ပြန်လာ​သည်​အထိ စီးပွား​ရှာ​ကြ​လော့’​ဟု မှာထား​ခဲ့​၏။


ပေါလု​သည် သူ​တို့​အပေါ်​လက်​တင်​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ​တို့​အပေါ်သို့ သက်ရောက်​သဖြင့် သူ​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ကို​ပြောဆို​လျက် ပရောဖက်ပြု​ဟောပြော​ကြ​၏။


သူ​တို့​ကို တမန်တော်​တို့​ရှေ့​၌​ရပ်​စေ​ကြ​၏။ ထိုအခါ တမန်တော်​တို့​သည် ဆုတောင်း​လျက် သူ​တို့​အပေါ်​လက်​တင်​ကြ​၏။


ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။


အသင်းတော်​အကြီးအကဲ​များ​၏​လက်​တင်​ခြင်း​နှင့်တကွ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့် သင့်​အပေါ်​ပေးအပ်​ထား​၍ သင်​၌​ရှိ​သည့်​ဆု​ကျေးဇူး​ကို လျစ်လျူ​မ​ရှု​နှင့်။


ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။


ဤ​အကြောင်းအရာ​များ​ကို သူ​တို့​အား သတိပေး​နှိုးဆော်​လော့။ မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ကြားနာ​သော​သူ​တို့​ကို ပျက်စီး​စေ​သည့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​ကို​မ​ပြု​ကြ​ရန် ဘုရားသခင်​ရှေ့​တော်​၌ သူ​တို့​ကို အလေးအနက်​တိုက်တွန်း​လော့။


နှုတ်ကပတ်တော်​ကို​ဟောပြော​လော့။ အခွင့်အခါ​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ မဆုတ်မနစ်​ကြိုးစား​လော့။ စိတ်ရှည်​ခြင်း​အပြည့်အဝ​ဖြင့်​သွန်သင်​လျက် အပြစ်​ဖော်ပြ​ခြင်း၊ သတိပေး​ခြင်း၊ တိုက်တွန်း​နှိုးဆော်​ခြင်း​တို့​ကို​ပြု​လော့။


ဗတ္တိဇံ​နှင့်ဆိုင်သော​သွန်သင်​ခြင်း၊ လက်​တင်​ခြင်း၊ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း၊ ထာဝရ​ပြစ်ဒဏ်​စီရင်​ခြင်း စသည့်​အကြောင်းအရာ​များ​၌ ထပ်၍​အခြေ​မ​ပြု​ဘဲ​နေ​ကြ​ကုန်စို့။


ထို့ကြောင့် သင်​တို့​သည် ဤ​အကြောင်းအရာ​များ​ကို​သိရှိ​ကြ​၍ သင်​တို့​တွင်​ရှိ​သော​သမ္မာတရား​၌ ခိုင်ခံ့​မြဲမြံ​ကြ​ပြီ​ဖြစ်​သော်လည်း ၎င်း​တို့​နှင့်​ပတ်သက်၍ သင်​တို့​ကို အစဉ်​သတိပေးနှိုးဆော်​ရန် ငါ​ကြံရွယ်​ထား​၏။


ချစ်​ရ​သော​သူ​တို့၊ ယခု ဤ​ဒုတိယ​စာ​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ ငါ​သည် ဤ​စာ​နှစ်စောင်လုံး​တွင် သင်တို့ကို​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​၏​ဖြူစင်​သော​စိတ်နှလုံး​ကို နိုးကြား​တက်ကြွ​စေ​၏။


သင်​တို့​သည် ဤ​အရာ​အားလုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်လည်း သင်​တို့​ကို ငါ​သတိပေး​နှိုးဆော်​လို​သည်​မှာ ထာဝရ​ဘုရား​သည် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ အပြီးအပိုင်​ကယ်လွှတ်​တော်မူ​ပြီးနောက် မ​ယုံကြည်​သော​သူ​တို့​ကို တစ်ဖန်​ဖျက်ဆီး​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ